35 C
Yangon

နိုင်ငံရေး၊ စစ်ရေး အချိုးအကွေ့ဖြစ်နိုင်သော ၂၀၂၃ နှစ်တွင် တော်လှန်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများ အလွဲအချော်မဖြစ်ရေး၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တုံ့ပြန်ရန် သမ္မတဒူဝါလရှီးလ ညွှန်ကြား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

နိုင်ငံရေး၊ စစ်ရေး အချိုးအကွေ့ဖြစ်နိုင်သော ၂၀၂၃ နှစ်တွင် တော်လှန်ရေး မဟာဗျူဟာနှင့်နည်းဗျူဟာများ အလွဲအချော်မဖြစ်ရေး၊ စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တုံ့ပြန်ရန် သမ္မတဒူဝါလရှီးလက ယနေ့ ညွှန်ကြားလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ယနေ့ ကျင်းပသော အစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်းပြောဆို ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“၂၀၂၃ ခုနှစ်ဟာ စစ်ရေး/ နိုင်ငံရေး အချိုးအကွေ့တွေ ဖြစ်လာနိုင်မယ့် နှစ်လို့ ယူဆရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေးလမ်းစဉ်တွေမှာ မဟာ ဗျူဟာအရ မမှားဖို့ လိုသလို နည်းဗျူဟာအားဖြင့် အလွဲအချော်တွေ မဖြစ်စေဖို့လည်း လိုပါတယ်။ အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်တဲ့ အတု အ ယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်။” ဟု ၎င်းက ပြောကြားသည်။

စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် အတုအယောင်ရွေးကောက်ပွဲကို မဖြစ်… ဖြစ်သည့်နည်းဖြင့် ကျင်းပပြီး နိုင်ငံတကာ၏ တရားဝင်မှုရရန် နိုင်ငံရေး ထွက်ပေါက်ရှာလိမ့်မည်ကို သေချာတွေ့‌နေရ ကြောင်း၊ ဥပဒေအရပ်ရပ်ကို ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အကြမ်းဖက်လုယူရန် ကြိုးစားနေရုံ သာမက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို နေ့စဉ် နှင့်အမျှ သတ်ဖြတ်၊ ညှင်းပမ်း နှိပ်စက်၊ ဖျက်ဆီးနေသော အကြမ်းဖက် စစ် အုပ်စုအနေဖြင့် ရွေးကောက်ပွဲတရပ် ကျင်းပရန် အခွင့်အာဏာ လုံးဝ မရှိကြောင်း၊ ၄င်းတို့ ကျင်းပမည်ဆိုသော “ရွေးကောက်ပွဲ”သည် လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ် အ တည်း၊ ပြဿနာ၏ ထွက်ပေါက်နှင့် အဖြေ လုံးဝ မဟုတ်ရုံသာမက ပြဿနာကို ပိုမို ရှုတ်ထွေးစေမည့်၊ ပိုမို ခက်ခဲ ကျပ်တည်းစေမည့် လုပ်ရပ်သာဖြစ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြော သည်။

“ရွေးကောက်ပွဲ ဟူသော အသုံးအနှုန်းကို သုံးစွဲရန်ပင် ထိုက်တန်မှုမရှိသည့် အမှန်တရားကို ဖုံးကွယ် ပုံ ဖျက်မှု (Deception) သာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့”ရွေးကောက်ပွဲ” ဟာ ၎င်းတို့ အာဏာ သက်ဆိုး ရှည်ရေးနဲ့ ၎င်းတို့ ရင်ဆိုင်နေရသော စစ်ရေး နိုင်ငံရေး အထွေထွေ အကြပ်အတည်းတွေကို လျော့ချနိုင်ဖို့ အတွက် ရည်ရွယ်‌လုပ်ကြံသည့် နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံရေး ထောင်ချောက်၊ “တရား မဝင်၊ အတုအယောင် ရွေးကောက်ပွဲ” ကို ကျွန်ုပ်တို့ ပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုပါတယ်။” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

NUG အစိုးရအနေဖြင့် နိုင်ငံခြားဆက်ဆံရေး၊ သံခင်းတမန်ခင်းကိစ္စများတွင် အပြုသဘော ဆောင်သော တိုးတက်သော အလားအလာများကို ခပ်စိပ်စိပ် တွေ့မြင်လာရကြောင်း၊ ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် ရွေးချယ်ခံရမှု အပေါ် ထောက်ခံဝန်းရံခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျေးဇူး တင်ကြောင်း၊ ဆက်လက်၍ အကြမ်း ဖက်စစ်အုပ်စုကို ဖယ်ကျဉ် ထားရန် တောင်းဆိုပါကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အတွင်း ယိုယွင်းပျက်စီး နေမှု နှင့် အကြမ်းဖက်မှုလုပ်ရပ်အားလုံး၏ တာဝန်ခံသည် စစ်ကောင်စီ အကြမ်း ဖက် အုပ်စုသာဖြစ် ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article