28 C
Yangon

နေပြည်တော်၊ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်း ပတ်ဝန်းကျင်တွင် မိုင်းပေါက်ကွဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

နေပြည်တော် လယ်ဝေးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်း ရဲကင်းပတ်ဝန်းကျင်တွင် မိုင်း ဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်(ပ.က.ဖ)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်းအနီးတွင် အသံ မိုင်းဖြင့် လုံခြုံရေးအတွက် လာရောက် စစ်ဆေးကြမည့် စစ်သားကို မြှား ခေါ်၍ အဓိကမိုင်းဖြင့် တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် အဓိက မိုင်းကို လူတချို့က ကောက်ယူသွားသည်ဟု ယူဆရပြီး စစ်တပ်ကို မြှားခေါ်သည့် အသံမိုင်း သာ ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်(ပ.က.ဖ)နှင့် ပျဉ်းမနား ပ.က.ဖ တို့က ပူးပေါင်းစီစဉ် လုပ် ဆောင် ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဓိက ဖောက်ခွဲမယ့် မိုင်းအကြီးကို အမှိုက်ကောက် တဲ့သူတွေ ကောက် သွား တယ်ထင်ရတာပဲ ။ ပစ္စည်းက လူသုံးကုန် ပစ္စည်းအခွံ့ နဲ့လုံးထား တာ ဆိုတော့ ရောင်းရတယ်ထင်ပြီးကောက်သွားပုံရပါတယ်။ နွေဉီးတော်လှန် ရေးအောင် မြင်ဖို့အကောင်းဆုံးကြိုးစားနေပါတယ် ။အရှိန်အဟုန်မြှင့် ဆက်လက် ဆောင် ရွက် သွားပါမယ်” ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ – နေပြည်တော်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီက အကြမ်းဖက် စစ်တပ် ရုံးစိုက်ရာ နေပြည်တော်နှင့် ပတ်ဝန်း ကျင် မြို့နယ်များတွင် ဘန်ကာများ၊ လှည့် ကင်းများ၊ ကင်းပုန်းများ ချထားပြီး လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်၊ လယ်ဝေးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article