35 C
Yangon

နေပြည်တော်၊ ဥတ္တရသီရိ V4 လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်၊ ကြာအင်းဆိပ်ကြီး ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲမှု မြို့နယ်မှူးရုံးခန်း ပျက် စီးပြီး ရဲ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ V4 လမ်းဆုံရှိ စစ်ကောင် စီ စစ်ဆေးရေးဂိတ်ကို ဗုံးဖြင့် တိုက်ခိုက်ကြောင်း နေပြည်တော် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ (ပ.က.ဖ) အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံ သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ဥတ္တရ သီရိမြို့နယ်၊ ရွှေနံ့ သာ ရပ်ကွက် V4 လမ်းဆုံ စစ်ဆေးရေးဂိတ်ကို နေပြည်တော် ပြည်သူ့ ကာ ကွယ် ရေးအဖွဲ့ (ပ.က.ဖ)က လက်ပစ်ဗုံးဖြင့်ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း အဆိုပါ ပ.က.ဖ အဖွဲ့ဝင်က ပြောဆိုသည်။

“စစ်ခွေး အသေအပျောက် အထိ အခိုက်တော့မသိရသေးဘူး။ ထိခိုက်မှုမရှိတာ လည်း ဖြစ်နိုင်ပါတယ်။ နေပြည်တော်မှာ ငြိမ်သက်မနေဘူးဆိုတာ ပြချင် တာပါ” ဟု နေပြည်တော် ပ.က.ဖ အဖွဲ့ဝင်က ဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မရဲစခန်းကို ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက်ပိုင်းတွင် ဒရုန်းဖြင့် ၂ ကြိမ်လာရောက်ဗုံးကျဲမှုဖြစ်ပွားကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၇ နာရီအချိန်နှင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် ဒရုန်းဖြင့် ကြာအင်းဆိပ်ကြီး မြို့နယ် မြို့မ ရဲစခန်းအား ဒရုန်းဖြင့် ဗုံးများ လာကျဲချသွားကြောင်း သိရှိရသည်။

” ဒီနေ့ မနက် ၁၀ နာရီခွဲမှာ တစ်ကြိမ်၊ မနေ့ည ၇ နာရီက တစ်ကြိမ် ဒရုန်းနဲ့ ဗုံးလာကျဲတယ်။ မြို့နယ်ရဲတပ်ဖွဲ့ရဲ့ မြို့နယ်မှူးရုံးခန်း ထိခိုက်ပျက်စီးတယ်။ ရဲတပ်သားတစ်ဦး အပြင်းအထန်ဒဏ်ရာပါတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှုကို မည်သည့်အဖွဲ့က တိုက် ခိုက် ခြင်းဖြစ်သည်ကို အသေးစိတ် ထုတ်ပြန်ခြင်းမရှိသေးပေ။

ဓာတ်ပုံ- နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာ ရပ်ကွက်၊ V4 လမ်းဆုံရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article