30 C
Yangon

နွားထိုးကြီးတွင် စစ်တပ် လက်အောက်ခံ သီတာယုမွန် ပျူစောထီးအဖွဲ့က အမျိုးသမီး ၁ ဦးကို ထပ်မံ သတ်ဖြတ်၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၉ ဦးထိရှိလာ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မန္တလေး၊ နွားထိုးကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူ စော ထီးအဖွဲ့က အမျိုးသမီး ၁ ဦးကို ထပ်မံ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူ များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် လက် အောက် ခံ သီတာယုမွန် ဦးဆောင်သော ပျူစောထီးအဖွဲ့က နွားထိုးကြီးမြို့ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် မလဲ့လဲ့ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး သမန်း ကန် ကျေးရွာအနီးတွင် လည်ပင်း၊ ရင်ဘတ်နှင့် ဗိုက်တို့၌ ထိုးသွင်း ဒဏ် ရာ များစွာဖြင့် သေဆုံးလျက် သမန်းကန် ကျေးရွာအနီးတွင် အလောင်း စွန့်ပစ် သွားကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီး သတ်ဖြတ်ခြင်းသည် သမန်းကန် ကျေးရွာ အုပ်ချုပ်ရေးမှူး သေဆုံးခြင်းအပေါ် ပြန်လည် တိုက်ခိုက် ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ် တပ် လက်အောက်ခံ ဒလန်နှင့် အုပ်ကြီးများသေဆုံးလျှင် သီတာယုမွန် ဦး ဆောင် သည့် ပျူစောထီး၊ သွေးသောက်အဖွဲ့များက ပြည်သူများကို အကြောင်း မဲ့ သတ်ဖြတ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

“သီတာယုမွန်က မြင်းခြံ စစ်တပ်ထဲပဲနေတာ မြင်းခြံ အမှတ် ၁၉ ရပ်ကွက်ကပါ။ အသက် ၄၀ အရွယ် ကြံ့ဖွတ် အတွင်းရေးမှူးလို့လည်း သိရပါတယ်။ ဘယ်လို အခွင့် အရေးတွေ ပေးပြီး မြှောက်စားထားတယ်မသိ ရက်စက် ယုတ်မာချက် တော့ကမ်းကုန်ပဲ ညအချိန် ဧည့်စာရင်း စစ်မယ်ဆိုပြီး မလဲ့လဲ့ကို လာဖမ်းပြီး မနက်ရောက်တော့ အလောင်း လာစွန့်ပစ်သွားတာပဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

နွားထိုးကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ သီတာယုမွန် ပျုစောထီးအဖွဲ့က အောက်တိုဘာလ ၃ ရက်နေ့တွင် ဦးလှစိုး၊ ဦးကျော်စန်းနှင့် ဇနီးဖြစ်သူ၊ ဦးသိန်းလွင်၊ ဦးဇင်မင်း၊ ဦးကျော်မင်းတို့ ၆ ဦးကို သတ်ဖြတ် ခဲ့ ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ဦးသန်းမြင့်ဆွေ၊ ဒေါ်အေးမြတ်မွန်၊ ဦးစောရွှေနှင့် လူငယ် ၁ ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၂ ရက် နေ့တွင် ပန်းကံ့ကော် လက်ဖက်ရည်ဆိုင်မှ လူငယ် ၂ ဦးကို သတ်ဖြတ် ခဲ့ ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဦးကျော်ဆောင်၊ ဦးခင်မောင်စိန်၊ ဦးဟန် တင်၊ ဦးမင်းဇော်၊ ဦးစိုးပိုင်နှင့် ဦးအောင်ကိုဝင်းတို့ကိုလည်းဖမ်းဆီး သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

နွားထိုးကြီး မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးအဖွဲ့ သတ်ဖြတ်ခဲ့သော မလဲ့လဲ့ နာရေးကို ဒီဇင်ဘာ လ ၁၉ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သီတာယုမွန် ပျူစောထီးအဖွဲ့က သတ်ဖြတ်ထားသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article