35 C
Yangon

ပခုက္ကူမြို့ အမှိုက်ပစ်ကွင်း ယနေ့ ညပိုင်း မီးလောင်နေပြီး မီးသတ်ကားများရောက်မလာ၊ ရပ်ကွက်မီးကူးမည်ကို ပြည်သူများ စိုးရိမ်နေ

Must read

ပခုက္ကူမြို့ အမှိုက်ပစ်ကွင်း ယနေ့ ညပိုင်း မီးလောင်နေပြီး မီးသတ်ကားများရောက်မလာ၊ ရပ်ကွက်မီးကူးမည်ကို ပြည်သူများ စိုးရိမ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၆ တိုးချဲ့ မြိုင်သာယာ ရပ်ကွက်ရှိ အမှိုက်ပစ်ကွင်း ယနေ့ ညပိုင်းတွင် မီးလောင်နေပြီး မီးသတ်ကားများ ရောက်မလာသော​ကြောင့် ရပ်ကွက်မီးကူးမည်ကို ပြည်သူများ စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က စတင်ကာ အမှတ် ၆ တိုးချဲ့ မြိုင်သာယာ ရပ်ကွက် အမှိုက်ပစ်ကွင်း၌ မီးလောင်နေခြင်းဖြစ်ပြီး မီးသတ်ကားများ ရောက်ရှိလာခြင်းမရှိဘဲ လက်ရှိချိန်တွင် မီးလောင်ကျွမ်းမှုပိုမိုများပြားလာကြောင်း သိရသည်။

” မီးက အခုထိ မငြိမ်းသေးဘူး မီးတောက်က ပိုကြီးလာတယ်။ အနီးအနား ရပ်ကွက်က ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေပါတယ်။ မီးသတ်ကားက မီလာမငြိမ်းသေးပါဘူး။ မီးတောက်ကြီးရင်တော့ မီးကူးနိုင်တယ်။ ညမထွက်ရ အမိန့်ရှိနေတော့ ပြည်သူတွေက အပြင်မထွက်ရဲကျဘူး။ ရေသယ်ကား ၂ စီးလာပေမယ့် ပြန်သွားပြီ မီးလည်းမငြိမ်းသွားဘူး အခုမီးတောက်က ပိုကြီးလာတယ်။ အရင်နေ့တွေတည်းက မီးခိုးလောက်ပဲထွက်တာ ဒီနေ့ မီးတောက်ကြီးကတော့ တော်တော်ကြီးတယ်။ ” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article