28 C
Yangon

ပခုက္ကူ၊ ထန်ပင်ချောင်းရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ၊ ကျောက်ပေါက် ခုံရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ထန်ပင်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က စီးနင်းဝင်ရောက် မီးရှို့နေခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင် နေရကြောင်းသိရသည်။

စစ်တပ်က ယနေ့ နံနက်ပိုင်း၌ ရေစကြိုမြို့နယ်၊ ထန်ပင်ချောင်းရွာသို့ ချီတက်လာစဉ် ထန်ပင်ချောင်းကျေးရွာ အနီး နယ်မြေခံ PDF ပူးပေါင်း တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်မှု များပြားသောကြောင့် ထန်းပင်ချောင်းကျေးရွာများကို စစ်တပ်က မီးရှို့ ဖျက် ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ကျောက်ပေါက်ခုံရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း Kwalin Revolution – KR အဖွဲ့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဝန်းသိုမြို့နယ်၊ ကျောက်ပေါက် ခုံရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူ ၁၀၀၀ ဝန်းကျင်ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကော လင်း မြို့ အင်းဘုတ်ကုန်းမှ ဝန်းသိုနယ် အတွင်းသို့ စစ်ကြောင်း ထိုးဝင် ရောက် လာပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article