28 C
Yangon

ပလမြို့ရဲစခန်း ဝင်တိုက်ခံရ၊ မြင်းမူတွင် စစ်ကောင်စီစစ် ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေ ဆုံးမှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ရဲများတပ်စွဲထားရာ ရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လည် ၁၂ နာရီခန့်က ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါရဲစခန်းမှ ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်သူလူထုနေထိုင်ရာ တိုရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အပြစ်မဲ့ရွာသား အမျိုးသား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာခဲ့သည့်အပေါ် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း တနင်္သာရီတိုင်းတွင် ရေးသားထားသည်။

“ဒဏ်ရာရတဲ့နှစ်ဦးကတော့ ဆေးရုံတက်ကုသနေရတယ်၊ နှစ်ဖက်အပြန်အလှန် မြို့ပေါ်တိုက်ပွဲပုံစံဖြစ်ခဲ့ တာ၊ လူတွေလဲ နီးစပ်ရာထွက်ပြေးကြရတာပေါ့” ဟု ဒေသခံတစ်ဦးက‌ပြောသည်။

ပြည်သူများထိခိုက်သေဆုံးသည်အထိ ရဲစခန်းကုန်းမှ ပစ်ခတ်တိုက်ခိုက်နေသည်ကို မခံမရပ်နိုင်သဖြင့် သွားရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု မသိ ရသေးကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း(၁) ထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးဇရပ်အနီးတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်က အ ကြမ်းဖက်စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Moe Nyo Revolution Force (MNRF) မှ ကိုမိုးညိုက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောကြားသည်။

မြင်းမူမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းမှ ထီးဆောင်းရွာဘက်သို့ အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ရှေ့ထွက်ပြောင်း ၅ ပြောင်း၊ အဆင့်မိုင်း ၅ လုံး စုစုပေါင်း မိုင်း ၁၀ လုံး အသုံးပြုကာ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားများထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင် ရန်စုံ စမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ရှေ့ကမိုင်းမိတဲ့ကောင်တွေကတော့ သေနိုင်တယ်၊ အတိအ ကျတော့ မသိရသေးဘူး။ နောက်က ကောင်တွေက လိုက်ပစ်လို့ ကျနော်တို့ရဲဘော်တွေလည်း ထွက်ပြေးခဲ့ရတယ်၊ မိုင်းမိတဲ့ ကောင် တွေကတော့ ပြန်မပစ်နိုင်ဘူး။ တချို့ကောင်တွေ မြင်းမူဘက်ကို ကားနဲ့သယ်သွားတယ်၊ မိုင်းမိ တဲ့ကောင်တွေလို့ ထင်တာပဲ။” ဟု Moe Nyo Revolution Force (MNRF) မှ ကိုမိုးညိုက ရန်ကုန် ခေတ်သစ် သတင်းဌာနကို ပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force M.N.R.F နှင့် PENTAGRAMငါးထောင့်ကြယ် ညီ နောင် ၂ဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်‌ ကောင်စီတပ်ဖွဲ့မှာ ဆက်လက်ထွက်ခွာသွားပြီး ယခုညပိုင်းတွင် ထီးဆောင်းရွာအတွင်း ဝင်ရောက်သွား ကြောင်း သိရသည်။

Photo – MNRF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article