28 C
Yangon

ပုလဲမြို့ထွေအုပ်ရုံးနှင့် ရဲစခန်းကို နှစ်ဖက်ညှပ်ပိတ်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရွှေကျင်တွင် တိုက်ပွဲများဖြစ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထား ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူးရုံးနှင့်ရဲစခန်းကို PDF တပ်ဖွဲ့များက နှစ်ဖက်ညှပ်ပိတ်ပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ပုလဲမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ် ရေးမှူးရုံး နှင့်ရဲစခန်းအတွင်းရှိ အကြမ်းဖက်စစ်သားများကို ၁ နာရီ ခန့် ကြာ သည်အထိ တောင်ဘက်နှင့်မြောက်ဘက်မှ နှစ်ဖက်ညှပ် ပစ် ခတ်တိုက် ခိုက်ခဲ့ရာ ရဲစခန်းအတွင်းမှ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးသည်ကို အတည် ပြုနိုင်ခဲ့ပြီး ထွေ အုပ်ရုံးအတွင်းရှိ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးစာရင်းကို အတိအကျမသိရသေးကြောင်း Burmese Peacok Defense Force – BPDF က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Burmese Peacok Defense Force – BPDF က ဦးဆောင် ကာ မုံရွာခရိုင် တပ်ရင်း ၁ ၊ ယင်းမပင်ခရိုင် တပ်ရင်း၊ ပုလဲနယ် တပ်ရင်း ၄ (ဒေါင်းနက်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်သားများဘက်မှ ပြန်လှန် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိ နစ်အချိန် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ လိမ်ပင်ဝဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံ သတင်းရင်း မြစ်ထံမှ သိရသည်။

KNLA တပ်များက အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ၁ နာရီခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး စစ်ကောင်စီတပ်က လိမ်ပင်ဝဲ ကူးတို့ဆိပ်မှ တဆင့် စစ်ကူများထပ်မံရောက်ရှိခဲ့ကြောင်း၊ ရွှေကျင်မြို့နယ် အတွင်းရှိ ပြည်သူ့နေအိမ်များကို အကြမ်းဖက်စစ်တပ် ဝင်ရောက် ရှာဖွေ ဖမ်း ဆီး နေသဖြင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article