28 C
Yangon

ပေါက်မြို့နယ်တွင် မီးကြိုးဆက်ရန်် ဖောကား ၃ စီးဖြင့်လာသော အကြမ်းဖက်စစ်တပ်အဖွဲ့ကို မြိုင်ပကဖနှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်၊ အကြမ်းဖက်တပ်သား ၆ ဦး ဆေးရုံရောက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းကူးရွာ အရှေ့ဘက် ၆ ဖာလုံခန့်အကွာတွင် မီးကြိုးဆက်ရန် ဖောကား ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က မြိုင်ပကဖတပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)တပ်ရင်း (၁)၊ မြွေပွေးပျောက်ကျားအဖွဲ့နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ‌ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးခန့် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်ထားရကြောင်း မြိုင်ပကဖတပ်ရင်း(၁) ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ထုတ်လုပ်ရေးစက်ရုံများဆီသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးလိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်းခွဲဖြတ်တောက်မှုကြောင့် ကပစ ၂၄ နှင့် ကျော ကပစ လက်နက်ထုတ်စက်ရုံများ ယနေ့ထိလည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဗိုလ်လင်္ကျာကပြောသည်။

ယင်းထိတွေ့တိုက်ပွဲတွင် အထိနာသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့များနှင့် မြိုင်ပကဖ တပ်ရင်း (၁)အပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းထိတွေ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်းကို ရန်ကုန်ခေတ်သစ်မီဒီယာအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article