27 C
Yangon

ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဂွေးဂုံရွာကို ဝင်ရောက် စီး နင်း ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ သွား​ကြောင်း သိရသည်။

“ပေါက်မြို့နယ် ဂွေးဂုံရွာမှာ လည်း မီးရှို့ခံလိုက်ရပါတယ်။ ဂွေးဂုံရွာ မှာတော့ ခုလက်ရှိ မီးရှို့ဖျက် ဆီးခံ ရတာ နေအိမ် ၁၀၀ ကျော်လောက်ရှိတယ်။ စစ်တပ်က နိုဝင်ဘာ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ ၂ ရက် ဆက် တိုက်ကို မီးရှို့သွားတာ စစ်ခွေးစစ် ကြောင်းတွေ ရှိလို့ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ မီးမငြိမ်း နိုင်သေးလို့ ဆုံးရှုံးမှုများသွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article