37 C
Yangon

ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာကို စစ်တပ်က ယနေ့ ညပိုင်းတွင် စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

မကွေးတိုင်း၊ ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း We love myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်ရှိ ထောက်ရှာပင်ရွာကို ဝင်ရောက် စီးနင်းမီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” ရွာထဲမှ အိမ်ခြေ ၃၀၀ လောက်ရှိတယ်။ အခု အိမ်ခြေ ၅၀ လောက် မီးရှို့ထဲ ပါသွားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီနေ့ည ၉ နာရီလောက်မှာ မီးစရှို့တာ” ဟု We love myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article