32 C
Yangon

ပဲခူတိုင်း၊ မုန်းမြို့ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၇ နှစ်အရွယ် သွန်း၀တီကျော် ကွယ်လွန်

Must read

ပဲခူတိုင်း၊ မုန်းမြို့ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ထိမှန်၍ အသက် ၇ နှစ်အရွယ် သွန်း၀တီကျော် ကွယ်လွန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ကော့ပြင်းကျေးရွာတွင် စစ်တပ်က ပစ် ခတ်လိုက်သော လက်နက်ကြီး ကျည်ထိမှန်၍ အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကွယ်လွန်ခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ကျေးရွာများသို့ ပစ်ခတ်ရာ မုန်းမြို့၊ ကော့ပြင်း ကျေး ရွာ ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပြီး အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ကို လက်နက်ကြီးထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

“မနေ့ ညနေပိုင်းမှာ လက်နက်ကြီး အိမ်ပေါ်ကျပြီး အသက် ၇ နှစ်အရွယ် မသွန်း၀တီကျော် ဆုံးပါးသွားတာ။ ကလေးက လက်နက်ကြီးထိပြီး ပွဲချင်းပြီး ပါပဲ။ မုန်းမြို့ဘက်မှာ စစ်တပ်က လက်နက်ကြီးတွေ မထင်ရင် မထင်သလို ရမ်းသမ်းပစ်နေတာ။ လက်နက်ကြီးကျတဲ့အိမ်လည်း ပျက်စီးသွားတယ်” ဟု ကော့ပြင်းကျေးရွာနှင့် ရွာချင်းကပ်လျက်မှ ဒေသပြည်သူတစ်ဦးက ဖြစ်စဉ်ကို ရှင်းလင်းပြောဆိုသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်တပ်နှင့် KNLA၊ PDF တပ်များ အကြား တိုက်ပွဲများ မကြာခဏဆိုသလိုဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လက် နက် ကြီး များဖြင့် ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်မှုများကြား မကြာခဏ ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article