34 C
Yangon

ပဲခူးရိုးမအတွင်း၌ တိုက်ပွဲ ၁၁ ကြိမ်ထက်မနည်းဖြစ်ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံး

Must read

ပဲခူးရိုးမအတွင်း၌ တိုက်ပွဲ ၁၁ ကြိမ်ထက်မနည်းဖြစ်ပြီး ဗိုလ်မှူးတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

ပဲခူတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမအတွင်းအတွင်းတွင် ဒီဇင် ဘာလ ၁၅ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပေါင်း ၁၁ ကြိမ်ထက်မနည်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူးနန္ဒအောင်အပါ အ ဝင် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကြောင်း Bago Region PDF ထံမှ သိရသည်။

ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသော အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ မှ ခုခံတိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးနန္ဒအောင်နှင့် အရာရှိ တစ်ဦးအပါအဝင် အခြား အဆင့် စစ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှ အသုံးပြုသော အမ်အေ ၂ လက်၊ စက်သေနတ် တစ် လက်၊ အမ်အေ -၁ ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ အမ်အေ ၃ ချေမှုန်းရေး ရိုင်ဖယ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ အာပီဂျီ ဗုံးသီး ၁ လုံးနှင့်ကျည်မျိုးစုံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဦးလည်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ဒေသခံပြည်သူ တစ်ထောင်ထက်မနည်းသည်လည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ လက်ရှိ အချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ် ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်းအမှတ် – ၃၅၀၁ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article