34 C
Yangon

ပဲခူး၊ ဇလုပ်ကြီးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက် စစ်သား ၁၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ ဇလုပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်တွင် ဇလုပ်ကြီးရွာ အခြေစိုက် ခမရ ၅၉၈ တပ်ကို နယ်မြေခံ KNLA တပ်ဖွဲ့နှင့် Nighthawks အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်အတွင်းမှ ဗဟိုကင်း၊ လက်နက်တိုက်၊ အရာရှိလူပျိုဆောင်၊ အမျိုးသမီးစစ်သည်အဆောင်တို့ ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးကာ ၁၇ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း Nighthawks အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် မြောင်းသစ်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ယာဉ်တန်းကို ရှားစေးချက်(လေး) ကျေးရွာအနီး နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၀ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီဘက်မှ အကျအဆုံးနှင့် အထိအခိုက်များနိုင်ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုမှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု ခွဲ(၁)၊ ဒေါင်းစည်သည်ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ မတ္တရာ၊ Security and Special Task Force၊ ဇာမနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article