29 C
Yangon

ဖာပွန်ရှိ မဲဝိုင်စခန်း အပါအဝင် စစ်တပ်စခန်းများကို KNLA တိုက်ခိုက်မှု စစ်သားများ သေဆုံး၊ တိုက်လေယာဉ်များဖြင့် ဗုံး ၃ ကြိမ်ကျဲ၍ စစ်တပ်က လက်တုံ့ပြန်

Must read

ဖားကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးမှုရှိနိုင်၊ ရှမ်းပြည် နယ် တွင်လည်း တိုက်ပွဲများပြင်းထန်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ် စခန်းများဖြစ်ကြသည့် မဲဝိုင်၊ လယ်တိုး၊ ညာတခို ကျိုး၊ ခေါပုတ်စခန်း တို့ ကို KNLA တပ် များက ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ တပ် စခန်းတချို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်သားများ သေဆုံးမှု များ ပြားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ မဲဝိုင်၊ ညာတခိုကျီုး၊ လယ်တိုစခန်း၊ ခေါပုတ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး တိုက် ခိုက်မှုများတွင် KNU/KNLA နှင့်အတူ FFD Drone အဖွဲ့ကလည်း အင်အား အပြည့် ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“တချို့စခန်းတွေ သိမ်းထားမိတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က သေ တာလည်း များတယ်။ လက်နက်တွေလည်း ရတယ်လို့သိရပါတယ်။ အသေး စိတ်ကတော့ သက်ဆိုင်ရာက သတင်းထုတ်ပြန်မှပဲ သိနိုင်ပါမယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ စခန်းများ တိုက်ခိုက် သိမ်းပိုက်ခံရသဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံး ၁၄ လုံးကျဲ ချခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ပိုင်း ဖာပွန်မြို့အခြေစိုက်တပ်စခန်းက ကျေးရွာများသို့ ၁၂၂-မမအမြောက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။

ထို့ပြင် ယမန်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီး ကျောင်းတွင်တပ်စွဲထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်း တပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာ စစ်တပ်ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးနိုင်ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုကြ သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀‌ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ် ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးပြီး KIA နှင့် PDF ဘက်မှ ၄ ဦး ထိခိုက် သေဆုံးကြောင်း သိရှိရသည်။

“ဂန့်တာနဲ့ ဒဏ်ရာရတာ ပေါင်းရင် စစ်သား ၅၀ ဦးဝန်းကျင်လောက် ရှိနိုင်တယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ KIA တပ်ရင်း ၁၂ ကချင်-ရှမ်းမြောက် အစပ် မဘိန်းဘက်မှာရှိတဲ့ စစ်ခွေးတွေကို ရဟတ်ယာဉ်နဲ့ သယ်ထုတ်ပြီး ဖားကန့်ဘက်မှာ အားဖြည့်နေတာ ၂ ရက်ရှိပြီ။ စစ်ခွေးတွေဘက်က ခုရက်ပိုင်း ဖားကန့်မှာ တော်တော်နာနေတယ်” ဟု ကချင်သတင်းရင်းမြစ်က ဆိုသည်။

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်တွင် PSLF/TNLAတပ်များ နှင့် စစ်ကောင်စီတပ်များ ယနေ့ တိုက်ပွဲပြင်း ထန်နေပြီး နမ့်ဆန်မြို့နယ် ကုန်းသာ ကျေးရွာတွင် အခြေစိုက်ထားသော ခလရ ၁၃၀ က ည ၉ နာရီကျော်အချိန် လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ ပြည်သူပိုင် လူနေ အိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၅ မိနစ် အချိန်မှ ယခုညအချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ် က လက် နက် ကြီးပစ်ကူ၊ လေကြောင်းတိုက်မှုနှင့်အတူ မြေပြင်တွင် PSLF/TNLA အခြေစိုက် နေရာများကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု တိုက်ပွဲဖြစ်တာက စစ်တပ်ဘက်က စ‌ပြီး ထိုးစစ်ဆင်တာ။ စစ်ကြောင်း တွေ က TNLA နေရာတွေထဲဝင်လာပြီး စတိုက်တာပါ” ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေကို ယနေ့နံနက်ပိုင်း အကြမ်းဖက် စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲချမှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article