31 C
Yangon

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်

Must read

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား ၄ ဦးကို စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်နှင့် ရန်ကုန်မှ ကျောင်းသား ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခဲ့ကြောင်း ဗကသ အဖွဲ့ချုပ်ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ လက်အောင်ခံ အိုးဘိုထောင်တွင်း တရားရုံးက ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ ၃ ဦးကို ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ကျောင်းသား ၃ ဦးကို အကြမ်းဖက် စစ်တပ်က မတ်လ ၂ ရက်နေ့တွင် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စု၏ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရပြီး အမြင့်မားဆုံးပြစ်ဒဏ်များဖြစ်တဲ့ ပုဒ်မ ၅၀ ည အတွက် ထောင်ဒဏ် ၁၅နှစ်၊ ပုဒ်မ ၅၂ က အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန် ဗကသများ အဖွဲ့ချုပ်မှ ဘဏ္ဍာရေး ဗျူရိုတာဝန်ခံ ကိုကောင်းထက်ဦးကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဘားအံခရိုင်တရားရုံးက ပုဒ်မ ၄၉ (က)ဖြင့် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article