34 C
Yangon

ဘုတလင်မြို့နယ် ၊မြို့ပေါ်ရွာ နှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင်ကွေ့ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့ ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊မြို့ပေါ်ရွာကို စစ်တပ်က မီးတင်ရှို့နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်း မဲ့ မီးရှို့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အလုံမြို့ နမခစစ်တပ်အတွင်းမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

” စစ်ခွေးတွေက အိမ်တွေကို မီးတင်ရှို့နေတာ။ ဘာလို့ရှို့တာလဲဆိုတော့ မနေ့ က PDF က စစ်တပ်လာတဲ့လမ်းမှာ မိုင်း၂လုံးခွဲတိုက်တာ စစ်ခွေးတွေ ၅ ကောင် လောက်သေတယ်။ ၁၅ ဦး လောက်ဒဏ်ရာပြင်းထန်ရသွားတယ်။ အဲဒီလိုသူတို့ အထိနာလို့ လမ်းမှာရှိတဲ့ ရွာတွေကိုမီးရှို့ နေတာ။ အိမ်ဘယ်နှစ်လုံး မီးလောင် တယ် ဆိုတာကတော့ မသိရသေးဘူး။ အဝေးကနေပဲ ရွာထဲကထွက် နေတဲ့ မီးခိုးကြည့်နေရတဲ့ဘဝ”ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်း၏ ထိုးစစ်ကြောင့် ပြည်သူများမှာမူ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများရှိနိုင်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့(ရှေ့) ရွာ၊ ရွာနောက်ဖျားတို့ကို စစ်တပ်က မီးတင်ရှို့နေကြောင်း သိရှိ ရသည်။

ပေါက်ပင်ကွေ့(ရှေ့)ရွာကို မီးရှို့ပြီးနောက် စစ်ကြောင်းသည် ထီးချိုင့်မြို့နယ်၊ ဘိုထုံးကွင်းဖြတ်ကာ ပိန္နဲကုန်း၊ရေဝ၊သောင်ကြီး၊ဆင်ကျွန်းဘက်ဖြတ်သန်း နေကြောင်း၊ ထိုမှတဆင့် မယ်ဇလီ၊ညောင်ပင်သာဘက် ထွက်လာနိုင်ခြေ ရှိနေကြောင်း၊ တည်တောနှင့် သခွတ်ချောင်မှ စစ်ကြောင်းကလည်း ကြက်သွန်ခင်း အနောက် နတ်ကြီးအိုက်၊ထိန်ချောင်းတံတား ဘက်ရောက် ရှိနေပြီး မိချောင်းအိုက်ဘက်နှင့် ဆင်ကျွန်းဘက် ထွက်နိုင်ခြေ ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်နှင့်ဒေသခံများက ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article