31 C
Yangon

မင်းကင်းနှင့် ပခုက္ကူတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး

Must read

မင်းကင်းနှင့် ပခုက္ကူတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၁၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့ နယ်တို့အတွင် အကြမ်းဖက်စစ်ကေင်စီ၊ ပျူစောထီးစစ် ကြောင်းများ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၊ ပျူစောထီး ၁၂ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပွင့်လျက်လမ်းခွဲတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦး သေဆုံးခဲ့ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

မင်းကင်း၊ တောင်လက်ဒေသ၌ စစ်ရေးတင်းမာနေချိန် အင် အား ၃၀ ခန့်ဖြင့် စစ်ကူပေးရန်တက် လာ သော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစစ်ကြောင်းကို မင်းကင်းမြို့နယ် အမှတ် ၁၁ တပ်ရင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မင်းကင်းမြို့နယ်၊ တောင်အောက်ရွာနှင့် ပွင့်လျက်ရွာကြားတွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးပူးပေါင်း စစ်ကြောင်းကို မင်းကင်းမြို့နယ် အမှတ် ၁၁ တပ်ရင်း၊ တပ်ခွဲ ၂ နှင့် တိမ်လွှာဒေါင်းမင်း၊ ပကဖ ပူးပေါင်းအဖွဲ့မှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၁၁ နာရီ ၄၅မိနစ်အချိန်တွင်လည်း ကူလဲရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သား ပျူစောထီးများကို ကင်းပုန်းနေရာများကို လည်းကောင်း၊ တင်ဘက်ရွာရှိ အ ကြမ်းဖက်စစ်သား၊ ပျူစောထီးကင်းပုန်းစခန်းများကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် သား ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း မသိရ သေးကြောင်း၊ ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီးပစ်ကူဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များအထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ထံမှ သိရသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိမြို့နယ်၊ သဲတောရွာအနီးတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးကာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က သဲတောကျေးရွာအနီးသို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်း ဖက်စစ်သားများကို Southern YSO PDF ၊ ရေစကြိုမြို့နယ်တွင်းရှိ PDF အဖွဲ့အစည်းများ၊ မြိုင်မြို့နယ် PDF အဖွဲ့အစည်းများနှင့် ပခုက္ကူမြို့နယ်ရှိ PDF အဖွဲ့အစည်းများ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တိုက်ပွဲအပြီး အကြမ်းဖက်စစ် သားများက သဲတောကျေးရွာမှ ထွက်ခွာ သွားပြီးနောက် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၄ ဦးသည် ရွာ၏မြောက်ဘက်ခြမ်းကို နယ်မြေရှင်းလင်းရေး ဝင်ရောက် စဉ် ပြည်သူများနေအိမ်အ တွင်း ဝင်ရောက်ပုန်းခိုကာ ကင်းပုန်းယူထားသော အကြမ်းဖက်စစ်သားများနှင့် ထိပ်တိုက်တိုးပြီး တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး တစ်ဦး လည်ပင်းကျည် ထိမှန် ဒဏ်ရာရရှိသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း အသက် ၃၀ အရွယ် ရဲဘော် ရဲထွဋ် ကျဆုံးပြီး M 16 တစ်လက်၊ K O တစ်လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆံ ၁၈၀ ၊ လက်ပစ်ဗုံး ၁ လုံး ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းထွက်သွားပြီထင်ပြီး နယ်မြေရှင်းလင်းရေးကို Southern အဖွဲ့က ရဲဘော် ၃ ယောက်၊ UURF အဖွဲ့မှ ရဲဘော် ၁ ယောက် စုစုပေါင်း ရဲဘော် ၄ ယောက် သေနတ် ၄ လက်နဲ့ တာဝန်ကျရာ ရွာမြောက်ပိုင်းကို နယ်မြေရှင်းလင်းရေး ဝင်လုပ်တဲ့အချိန်မှာ အလစ်ဖမ်းတိုက်ခိုက်ဖို့ အိမ်တွေထဲကနေ စောင့်နေတဲ့ စစ်ခွေးတွေနဲ့ တွေ့တာ၊ ကျနော်တို့ ရဲဘော်တွေက အရင်မြင်လို့ ခွေးတွေလည်း သေတယ်” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အလားတူ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲနှစ်ရက်ပေါင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန် လက်နက်ခဲယမ်းများ လိုအပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် ကူညီလှူဒါန်းပေးကြပါရန်မေတ္တာရပ်ခံပါကြောင်း Southern YSO PDF က မေတ္တာရပ်ခံထားသည်။

Photo- မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article