40.9 C
Yangon

မင်းအောင်လှိုင်ကို ခမ်းခမ်းနားနား ချီတက် အလေးပြုကြရန် ဌာနတစ်ခု လျှင် ဝန်ထမ်း ၁၅၀ ဦးဖြင့် စုစုပေါင်း ဝန်ထမ်း ၇၇၄၉ ဦး စစ်ရေးပြ လေ့ကျင့်နေရ၊ ၉ ဂဏန်း ဖြင့် ယတြာချေ အလေးပြု ခိုင်းဟုဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အကြမ်းဖက်မင်းအောင်လှိုင်က လာမည့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေး အခမ်း အနားတွင် ၎င်းကို ခမ်းခမ်း နားနား ချီတက် အလေးပြုကြရန်အတွက် ဌာနတစ်ခုလျှင် ဝန်ထမ်း ၁၅၀ ဦးစီဖြင့် စုစုပေါင်း ဝန်ထမ်း ၇၇၄၉ ဦးကို နေ့စဉ် စစ်ရေးပြ လေ့ကျင့်ချီတက်ခိုင်းနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလအတွင်းတွင် အကြမ်းဖက်မင်းအောင်လှိုင်ကို ဗိုလ်ရှုသဘင်ဖြင့် ခမ်း ခမ်း နားနား ချီတက် အလေးပြုနိုင်ရေး အတွက် နေ့စဉ် ဝန်ထမ်းများကို စစ် ရေးပြ လေ့ကျင့်ခိုင်းနေခြင်းဖြစ်ပြီး ရုံးအလုပ်များအားလုံး ရပ်နားခိုင်း ထား ကြောင်း သိရှိရသည်။

“နေပြည်တော် ကုမုဒြာကြာပန်းအဝိုင်းနှင့်ပဒုမ္မာကြာပန်းအဝိုင်းကြားမှာဝန်ကြီး ဌာန ဝန်ထမ်းတွေကို စစ်ရေးပြစစ်ကြောင်းပုံစံဖြင့်အလေးပြုခိုင်းတယ်။ ဒီကြာ ပန်း အဝိုင်း၂ခုကြားမှာ ဝန်ကြီးဌာနတစ်ခုလျှင် ဝန်ထမ်းအင်အား ၁၅၀ ကျော်ကို အတင်းအကျပ်စစ်ရေးပြလုပ်ခိုင်းနေပြီ။ နေ့စဉ်လိုလိုလေ့ကျင့်ခိုင်းနေပါတယ်။ စစ်တပ် ကြည်းရေလေက ၁၅၀၊ စစ်မှုထမ်းဟောင်း ၁၅၀၊ ရဲ ၁၅၀ ၊ မီးသတ်က ၁၅၀၊ အခြားဝန်ကြီးဌာနပေါင်းစုံ စုစုပေါင်းစစ်ရေးပြအင်အား ၇၇၄၉ ဦး။ ၇၇၄၉ ဦး ကို ပြန်ပေါင်းရင် ၉ ဂဏန်းထွက်တယ်။ ယတြာနဲ့ ဗိုလ်ရှုသဘင်ပေါ့” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်ကို အလေးပြုရမည့် ဝန်ထမ်းများအနေဖြင့် နေ့စဉ် နံနက် ၄ နာရီ ခွဲမှ နံနက် ၈ နာရီအထိ စစ်ရေးပြ လေ့ကျင့်ရပြီး အလံများ ဝှေ့ရမ်း ချီတက်ရကြောင်း၊ စစ်ကြောင်းပုံစံဖြင့် ချီတက် အလေးပြုခြင်း၊ အလံများ ဝှေ့ရမ်း ချီတက်ခြင်း၊ စစ်ရေးပြ ညီညာစွာ စီတန်း အလေးပြုခြင်း စသည့် ပုံစံများကို နေ့စဉ် လေ့ကျင့်နေရကြောင်း သိရှိရသည်။

မင်းအောင်လှိုင်က စိန်ရတု လွတ်လပ်ရေးနေ့ကို အကြီးကျယ်ဆုံးနှင့် အခမ်းနား ဆုံးကျင်းပရန် ခိုင်းစေထားသဖြင့် တိုင်းနှင့် ပြည်နယ် စစ်ကောင်စီများက အလှပြယာဉ်များ၊ ဝန်ကြီးဌာန အလှပြယာဉ်များ၊ ဝန်ကြီးဌာနပေါင်းစုံ စျေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများ၊ အဆိုပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပရမည်ဖြစ်ကြောင်း သိရှိရသည်။

“ဝန်ကြီးဌာနတိုင်း အရောင်းပြခန်း ဘာပြခန်းညာပြခန်းဆိုပြီး ဉပ္ဗတသန္တိစေတီ တပေါင်းကွင်းထဲမှာ ပြခန်းတွေဘာတွေအတင်းလုပ်ခိုင်းနေပါတယ်။ အဆိုပြိုင်ပွဲ ပြုလုပ်ခိုင်းပြီး ဝန်ထမ်းတွေကိုအတင်းအကျပ်လာကြည့်ခိုင်းထားပြီ။ ပျော်ပွဲ ရွှင်ပွဲ တွေအတင်းအကျပ် မဖြစ်မနေလုပ်ရမယ်။ ဝန်ထမ်းအများစုက ကုန် စျေး နှုန်း မြင့်တက်မှုကြောင့်လစာနဲ့မလုံလောက်ဘဲ ချို့တဲ့စွာနေရတဲ့ ကြားက ဒီလွတ်လပ်ရေးနေ့ကိုအကြောင်းပြပြီး ပျော်ပွဲရွင်ပွဲတွေလုပ်ခိုင်းတော့ စိတ် လည်း ပျက်ကြတယ်။ ငွေကျပ်ဘီလီယံပေါင်းများစွာ အကုန် အကျ ခံပြီး လုပ်ခိုင်းနေတာပါ” ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင်အကြမ်းဖက် မင်းအောင်လှိုင်ကို အလေးပြုရမည့် ဗိုလ်ရှုသဘင်ကို လာ ရောက် ကြည့်ရှုရမည့်ဝန်ထမ်းများကို ထိုင်ကြည့် စစ်ကြောင်း အဖြစ် သတ် မှတ်ထားပြီး ဝန်ကြီးဌာနအားလုံးမှ စုစုပေါင်း အင်အား ၅၀၀၀ တောင်း ယူ ထားကြောင်း၊ ထို့ကြောင့် စစ်ရေးပြ မလိုက်လိုသော ဝန်ထမ်းများအနေဖြင့် ထိုင်ကြည့် စစ်ကြောင်း ၅၀၀၀ တွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စိန်ရတုနေ့ ပြည်ထောင်စုနေ့ အခမ်းအနား ဗိုလ်ရှုခံသဘင် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article