33 C
Yangon

မင်းအောင်လှိုင်မျက်ခွက် ခြေသုတ်ခုံများ ဝယ်ယူခြင်းဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေတွင် ထည့်ဝင်ကူညီနိုင်

Must read

မင်းအောင်လှိုင်မျက်ခွက် ခြေသုတ်ခုံများ ဝယ်ယူခြင်းဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေတွင် ထည့်ဝင်ကူညီနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စင်ကာပူ၊ ကိုးရီးယားနှင့် မြန်မာနိုင်ငံမှ တော်လှန်ရေးတက်ကြွလှုပ်ရှားသူ လူ ငယ် များ စုပေါင်းပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် ရည်ရွယ်ကာ ဒီဇင် ဘာ ၂၅ ရက်နေ့မှ စတင်၍ မင်းအောင်လှိုင်မျက်ခွက် ခြေသုတ်ခုံများ ထုတ် လုပ်ရောင်းချလျက်ရှိကြောင်း တော်လှန်ရေးလူငယ်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်အာဏာရှင် တော်လှန်‌ရေး တက်ကြွလှုပ်ရှားသော အဖွဲ့များဖြစ်သည့် Five Fingers အဖွဲ့နှင့် SPRING EMBRACE TEAM-S.E.T အဖွဲတို့ စုပေါင်း၍ နွေဦး တော်လှန်ရေး ရန်ပုံငွေ ရှာဖွေ ဖြစ်ပြီး လက်ရှိတွင် မင်းအောင်လှိုင် မျက်ခွက် ခြေသုတ်ခုံများကို စင်ကာပူနှင့်ကိုးရီးယားတွင်သာ ဝယ်ယူနိုင်သေးပြီး အခြား နိုင်ငံများသို့ တင်ပိုရောင်းချနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြသည့် လူငယ်များစုပေါင်းကာ ထုတ် လုပ် ရောင်းချသည့် မင်းအောင်လှိုင် မျက်ခွက် ခြေသုတ်ခုံကို မြန်မာ နိုင်ငံ မဟုတ် သည့် အခြားနိုင်ငံများမှ ပြည်သူများ ဝယ်ယူနိုင်ပြီး မြန်မာပြည်သူများ ဝယ်ယူအားပေးကြရန် နှိုးဆော်ထားသည်။

မင်းအောင်လှိုင် မျက်ခွက် ခြေသုတ်ခုံများ ဝယ်ယူလိုပါက https://facebook.com/fivesetteam တွင် မှာကြား ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article