31 C
Yangon

မင်းအောင်လှိုင် လက်ကိုင်တုတ် အောင်လင်းဒွေးနဲ့ မိသားစုအလိုက် ရာထူးတိုး ကြီးပွား ချမ်းသာ လာမှုများ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးရဲ့ သားသမီ ၃ ဦးနဲ့ ဆွေမျိုး တစ်သိုက်ဟာ တပ်နဲ့ဝန်ကြီး ဌာန တင်ဒါအခွင့်ထူးခံ အပါအဝင် စီးပွား ရေး အခွင့်အလမ်းတွေ သိမ်းကျုံးရယူထားတာကြောင့် ခရိုနီလက်သစ် တွေ အဖြစ် အကြီးအကျယ် ချမ်းသာလာကြပါတယ်။

အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင် နှင့် သမီး ရွှေရည်ဖူးအောင်တို့ဟာ ကုမ္ပဏီအသီးသီးတည်ထောင်ပြီး တင်ဒါ လုပ်ငန်းတွေ လုပ်ပိုင်ခွင့် တွေရနေကြတာပါ။ အောင်လင်းဒွေး မိသားစု တည် ထောင် ထားတဲ့ ကုမ္ပဏီတွေကတော့-

၁-ရွှေရည်ဖြိုးပြည့် ကုမ္ပဏီ (Shwe Yee Phyo Pyae Co., Ltd)
၂- အောင်မြင့်မိုရ်လင်း ကုမ္ပဏီ (Aung Myintmo Lin Co., Ltd)
၃- မင်္ဂလာအောင်မြေ ကုမ္ပဏီ (Mingalar Aung Myay Co., Ltd) တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တင်ဒါတွေရဖို့ စီးပွားရေးသမားတွေဟာ အောင်လင်းဒွေးရဲ့ မိသား စု ကုမ္ပဏီတွေဆီကပ်ကြရသလို ပွဲစားတွေကနေတဆင့် အောင်လင်းဒွေး ဆီကိုလည်း လာဘ်ထိုးရတာပါ။

“တချို့တင်ဒါတွေကို သူတို့ဆီကနေ တစ်ဆင့် ကန်ထရိုက်ပြန်ယူရတယ်။ တင် ဒါ က အောင်လင်းဒွေးသားသမီးတွေနာမည်နဲ့ကျတယ်။ သူတို့က ကျနော် တို့ကို တစ်ဆင့် တင်ဒါလုပ်ငန်းပြန်ချပေးတယ်။ ဆပ်ကန်ထရိုက်သဘောပေါ့။ အဲဒီ တော့ သူတို့နဲ့ချိတ်ဆက်လုပ်ရတယ်။ အဓိက လမ်းဖောက်လုပ်ရေး လုပ်ငန်း တွေမှာ သူတို့နဲ့ တွဲလုပ်ရတယ်” လို့ ရန်ကုန်လမ်းကန်ထရိုက်တာ တစ်ဦးက ဆိုပါတယ်။

ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီ တွေ မရရှိကြဘဲ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီး ပိုင် ကုမ္ပဏီတွေသာရကြပါတယ်။ လက်ရှိမှာ အောင်လင်းဒွေးသား အငယ် ကောင် ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုရ်လင်းကုမ္ပဏီဟာ ကျောက်မီးသွေး တူး ဖော်ခွင့်ရရှိထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်း လမ်းဖောက်လုပ်ရေး၊ ရုံး၊ ကျောင်းနဲ့ ဝန်ကြီး ဌာန ဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ ဝန်ကြီးဌာန တင်ဒါတွေကို အောင်လင်းဒွေးသားသမီး ၃ ဦးက ဆက်တိုက် ရရှိနေကြပါတယ်။

အောင်မြင့်မိုရ်လင်း ကုမ္ပဏီကပဲ လာမယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းတွေမှာ ဘောပင်နဲ့ခဲတံ တင်သွင်းခွင့် တင်ဒါတွေကို ဈေးကွက်ပေါက် ဈေး ထက် ပိုတင်ထားတဲ့ နှုန်းနဲ့ ရရှိထားတာပါ။ အဲဒီတင်ဒါကတင်ပဲ ငွေကျပ် သိန်းသောင်းချီ အမြတ်ရရှိပါတယ်။ ဒါဟာ စျေးကွက်ပေါက်စျေးထက် ဘောပင် နဲ့ခဲတံ စျေးနှုန်းတွေကို နှစ်ဆ တင်ပြီး ဝန်ကြီးဌာနနဲ့ အောင်မြင့်မိုရ်လင်း ကုမ္ပဏီ အကြား ဝေစားမျှစား လက်ဝါးရိုက်လုပ်စား နေကြတာဖြစ်ပါတယ်။

အာဏာမသိမ်းခင်က မန္တလေးဆေးရုံအုပ်အဖြစ်သာရှိနေတဲ့ အောင်လင်း ဒွေး ညီမ စုစုဒွေးဟာ ရာထူးခုန်တက်ပြီး တိုင်းရင်းဆေးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ် လာပါတယ်။

မင်းအောင်လှိုင်၊ အောင်လင်းဒွေးစတဲ့ စစ်အုပ်စုခေါင်းဆောင်တွေက နိုင်ငံ့ ဘဏ္ဍာ နဲ့သံယံဇာတတွေကို သားစဉ် မြေးဆက် သုံးမကုန်အောင် စိတ်ကြိုက် ခြယ် လှယ်ဖို့ နဲ့ စစ်တပ်အကျိုးစီးပွား ကာကွယ်ဖို့ တိုင်းပြည်အာဏာလုယူခဲ့တဲ့ သက်သေတွေလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အောင်လင်းဒွေး၊ ညီမဖြစ်သူ တိုင်းရင်းဆေး ညွှန်ချုပ် စုစုဒွေး၊ အောင်လင်းဒွေးသားသမီး ၃ ဦးဖြစ်သည့် လှိုင်ဘွားအောင်၊ ရွှေရည်ဖူးအောင်၊ ဖြိုးအာကာအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article