28 C
Yangon

မင်္ဂလာဒုံမြို့နယ် ရဲစခန်းကို PDF များက ဖောက်ခွဲ တိုက်ခိုက်၊ သာကေတတွင် စစ်တပ် သတင်းပေး၊ မဘသနှင့် အစွန်းရောက် အမျိုးသားရေးသမား ရဲစိန် ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းကို မြို့ပြ UG အဖွဲ့များက အဝေးထိန်းဗုံးဖြင့် ယမန်နေ့ညပိုင်း ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် UMCD အင်အားစု တပ်ဖွဲ့တစ်ခုနှင့် မဟာမိတ် တပ်ဖွဲ့ KMD 18 တို့ပူးပေါင်းကာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ ရဲစခန်းသည် ဖမ်းဆီးခံထားရသော ရဲဘော်များ၏ မိသားစုဝင်များအား အကျပ်ကိုင် ငွေကြေးတောင်းခံခြင်း၊ ရပ်ကွက်ရှိ လူမိုက်များနှင့်ပေါင်း၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ဆင်ရေးသည် ကြည့်မြင်တိုင်အင်အားစု KMD 18 ၏ မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သော Dark shadow အဖွဲ့၏ ရန်ကုန်မြို့ပြ UG အဖြစ် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သော ၁ နှစ်ပြည့်နေ့ အဖြစ် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

” Dark Shadow အဖွဲ့ တော်လှန်ရေး ၁နှစ်ပြည့်မှသည် ရန်ကုန်အတွက်အောင်ပွဲဆီသို့ ညီနောင် ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း အားသစ် လောင်းဆုတောင်းလိုက်ပါတယ်” ဟု Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ် အချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် စစ်တပ်အတွက် သတင်းပေးလုပ်နေသည်ဟု စွပ်စွဲခံရသူ ရဲစိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သာကေတ ၈ရပ်ကွက် ထိပ် သာသနာ့ရက္ခိတဓမ္မာရုံရှေ့မှာ အကြော်ရောင်းတဲ့ အညာသား ခေါ် ရဲစိန် ဆိုတဲ့ကောင်က မဘသ ။ သာကေတ ၈ ရပ်ကွက် မှာ ၉၆၉ ဆိုင်းဘုတ်ထောင်ပြီး ဖဲဝိုင်း၊ ကြိတ်ဝိုင်း နဲ့ လောင်းကစားဒိုင် လုပ်နေတာပါ။ အကြီးကောင်တို့နဲ့လည်း ရင်းနှီးပါတယ်။ အာဏာသိမ်းပြီး ၂ လ လောက်မှာ ရပ်ကွက်ထဲက ဝိုင်းရိုက်လို့ ထွက်ပြေးသွားရပါတယ်။ နောက်ပိုင်း ပြန်ရောက်လာပြီး ငါက မဘသ ဘယ်ကောင်မှ စောက်ဂရုမစိုက်လို့ ရပ်ကွက်ထဲပြန်လာတာ ငါတို့ စစ်တပ်နိုင်နေပြီကွဆိုပြီး ကြွေးကြောက်တယ်။ သူက အရင် မဘသ တောင်ဒဂုံ ဝံသာနု အဖွဲ့ဝင်ပါ။ အခုလလည်း ရပ်ကွက်ရုံး ထဲခြေရှုပ်ပြီး အာကျယ်နေလို့ အပစ်ခံရတာလို့ သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article