38 C
Yangon

မတ္တရာတွင် စစ်တပ်ထောက်ပို့ယာဉ်တစ်စီးကို လက်နက်ခဲယမ်းများ ဖမ်းမိ၊ မြိုင်တွင် ဈေးဝယ် ထွက်သည့် စစ်ကားကို မိုင်း ၁၅ လုံးဖြင့် တိုက်ခိုက်မှု စစ် သား နှင့် ပျူစောထီးများ သေဆုံး ထိခိုက် မှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဒီဇင်ဘာလ ၁၆ ရက် နေ့လယ် ပိုင်း စစ်ကောင်စီတပ် ထောက်ပို့ယာဉ်တစ်စီးကို လကုနက်ခဲယမ်းများ ဖမ်းမိ ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့ နယ်ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် ယာဉ်ငယ်တစ်စီးကို စစ်ဆေးရာ ယာဉ်ပေါ်မှ ရိက္ခာများ၊ လက်နက် ခဲ ယမ်း များကို သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်သည် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးပိုင်ဆိုင်ကြောင်း သိရသည်။

မော်တော်ယာဉ်ကို မောင်းနှင်သူမှာ အရပ်သားပြည်သူတစ်ဦးဖြစ်နေသဖြင့် ကောင်း မွန် စွာပြန်လွှတ်ပေးခဲ့ကြောင်း၊ သိမ်း ဆည်းရရှိခဲ့သော လက်ခဲ ယမ်းများမှာ ၅ ဒသမ ၅၆ ကျည် ၂၅၅ တောင့်၊ 7.62× 45 စက်ကလေး ကျည်ဆန် ၃၁၅ တောင့်၊ ၉ မမ ကျည်ဆန် အတောင့် ၅၀ ၊ RPG -2 အဖူး ၁ လုံး၊ RPG ပို့ယမ်း ၁ ခု၊ ၉ မမ ကျည်ဘောက် ၉ ခု၊ ကင်မရာ တစ်လုံး၊ လက်ကိုင် ဖုန်း မျိုးစုံ ၉ လုံး၊ Power Bank ၂ လုံး၊ ဓားတို/ရှည် ၃ ချောင်းတို့ သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းမြိုင်မြို့တောင်ဘက် ၂မိုင်ခန့်အကွာတွင် ရှိသည့် သရက် ကွ ကျေးရွာမှ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ရန် ထွက်လာသည့် စစ်ကားတစ်စီး ကို ဝတ်ကျုံးရွာဆည် အနီးအရောက် PDF က ရှေ့ထွက်ပြောင်းမိုင်း ၁၅လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖတပ်ရင်း ၁ မှ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန် ခေတ်သစ်ကို ပြောသည်။

ယင်းသို့တိုက်ခိုက်စဉ် ကားပေါ်ပါလာသည့် ပျူစောထီးနှင့် စစ်ကောင်စီတို့က မိနစ် ၃၀ အကြာရမ်းသန်း ပစ်ခတ်ခဲ့၍ ပေပါမိုင်းဖြင့်ပါ ထပ်မံတိုက်ခိုက် ခဲ့ ကြောင်း၊ ပေပါမိုင်းဖြင့် မိုင်းဆွဲမှုတွင် စစ်သားနှင့် ပျူစောထီးများ ဒဏ်ရာ အများအပြားရရှိခဲ့ပြီး စစ်ကားမှာ မောင်းနှင်မရတော့ဘဲ ပျက်စီးသွားကြောင်း ဗိုလ်လင်္ကျာကဆိုသည်။

ယင်းနောက် မြိုင်မြို့ဘက်မှ စစ်ကူလာသော စစ်ကားဖြင့် ဒဏ်ရာရရှိသူ များကို သယ်ဆောင်ကြောင်း၊ မိုင်းထိထားသော ကားကို ဆွဲကာ မြိုင်မြို့နယ်ဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း သိရသည်။

မိုင်းဆွဲမှုကြောင့် ဒဏ်ရာရရှိသည့်အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီး များ ကို မြိုင်ဆေးရုံနှင့် မြိုင် အထက ၁ ကျောင်းတွင် ထားရှိသည်ဟု စုံစမ်းသိ ရရှိရ သော်လည်း ထိခိုက်သေဆုံးစာရင်းအတိအကျကို စုံစမ်းနေဆဲဖြစ်ကြောင်း ဗိုလ်လင်္ကျာကပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article