35 C
Yangon

မတ္တရာနှင့်မြောင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သား များမိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားကြောင်း သိရပြီး အရေအတွက်ကို အတိအကျမသိ ရသေးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်း၊ လမိုင်းအုပ်စုအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြန်ဆင်းလာသော အကြမ်းဖက်စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားထိခိုက်သေ ဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မတ္တရာမြို့နယ်ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၆ မိနစ်က အကြမ်းဖက်စစ်သား ၁၀ ဦးခန့် လိုက်ပါလာ ပြီး စက်လက်တင်ဆောင်ထားသော ကားငယ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့- မတ္တရာမြို့နယ် (ပကဖ မတ္တရာ) တပ်ဖွဲ့မှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ထိထိမိမိထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက် သေ ဆုံးမှုရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး ခဏအကြာ အကြမ်းဖက်စစ်ယာဉ်တန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဆွဲလဲ့အိုရွာနှင့် နဘတ်ကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ၁၁ နာရီခွဲခန့်က မိုင်းကွင်းပေါ်ရောက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းခွဲတိုက် ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများကြောင်း လျှပ်တစ်ပြက်စွန်ညိုပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

မြောင်မြို့နယ်၊ ဆွဲလဲ့အိုရွာမှ နဘတ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်အုပ်စု သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထောင်ထားသည့် မိုင်းကွင်းပေါ်သို့ ဖြတ်သန်းစဉ် ပဒေသာမိုင်း ၃ လုံးခွဲကာ ဖောက်ခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၁၃ မိနစ်ကလည်းကလည်း ဆွဲလဲ့အိုရွာ အတွင်းမှ နဘတ်ကျေးရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက Mytel ရှေ့ထွက်အမြောက် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုနှစ်ကြိမ်လုံးကို လျှပ်တစ်ပြက်စွန်ညို ပျောက်ကြားတပ်ဖွဲ့၊ B.C အထူးပျောက်ကြား တပ် ဖွဲ့၊ CHU တပ်ခွဲ ၃ ၊ ဗိုလ်နေတိုး (BNT) ၊ MS PDF အဖွဲ့တို့မှ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖောက် ခွဲရေး ဖုန်း ၂ လုံး၊ ဘက်ထရီအိုး ၂ လုံး ဆုံးရှုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အ ခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article