27 C
Yangon

မတ္တရာ၊ စိန်ပန်းကုန်းရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

Must read

မတ္တရာ၊ စိန်ပန်းကုန်းရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေး၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စိန်ပန်းကုန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“မီးများတယ်။ ရွာထဲမှာ စစ်ခွေးတွေက ၃ နေရာခွဲပြီး ရှို့နေတာ ရွာလုံးကျွတ်ပြေးနေရတယ်။ အနီးအနားကရွာတွေလည်း ထွက်ပြေးနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

စိန်ပန်းကုန်းကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article