30 C
Yangon

မန္တလေးတွင် စစ်တပ် ကင်းတဲနှင့် ရဲစခန်းကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မန္တလေး၊ အမရပူရ မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်းတဲနှင့် ရဲစခန်းကို လက်ပစ်ဗုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်က အမရပူရမြို့နယ်အတွင်းရှိ နန်းတော်ရာ စံပြကွက်သစ်ရှိ အကြမ်းဖက် စစ်တပ်၏ ဓမ္မာရုံ ကင်းတဲကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ၁၃၅ လမ်း၊ ၅၈ လမ်းထောင့်ရှိ စက်မှု နယ်မြေရဲစခန်းကို လက်ပစ်ဗုံး ထပ်မံပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စက်မှုနယ်မြေ ရဲစခန်းကို တိုက်ထည့်တာ ဘန်ကာထောင့်ထဲ ဗုံးကျခဲ့တယ်။ ဘန်ကာထဲခွေးရှိရင် သေနိုင်တယ်။ ရဲစခန်းထဲက သေနတ် ၆ ချက် ပြန်လည်ပစ်ခတ်ခဲ့တယ် ရဲဘော်များ ထိခိုက်မှု မရှိခဲ့ပါဘူး။ ဓမ္မရုံကင်းတဲကို ဗုံးပစ်ထည့်ရာမှာ စစ်ခွေးတကောင် နေရာမှာတင် လဲသွားခဲ့ပါတယ်” ဟု မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြနန္ဒာစစ်ဆင်ရေးကိုဖော်ဆောင်ရန်အတွက် မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့များ အနေဖြင့် အလှူရှင်များလိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article