30 C
Yangon

မန္တလေးတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် လျှို့ဝှက် အမိန့်ထွက် လာပြီး နောက် ပုသိမ်ကြီး မြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်းများ၏ မိသားစု ဝင်များကို စစ်တပ်က ဝင်ဖမ်း

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂

မန္တလေးတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီ၏ လျှို့ဝှက် အမိန့် ထွက်လာပြီးနောက် ပုသိမ်ကြီးမြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်း များ ၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် CDM ဝန်ထမ်းများ ပြန်လည် ဝင်ရောက် နေထိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် တွေ့ရှိပါက ဖမ်းဆီးရန် ၊ မန္တ လေး တိုင်းအတွင်းရှိ အရပ်ဘက်ဌာနဆိုင်ရာများတွင် CDM ဝန်ထမ်းများ ကို ပြန်လည် စိစစ်နိုင်မှု အားနည်း ချက်အပေါ် အခွင့်ကောင်းယူ၍ CDM ဝန် ထမ်းများသည် ဝန်ထမ်းအိမ်ရာများအတွင်း ခိုးကြောင်ခိုးဝှက် ပြန်လည် ဝင် ရောက် နေထိုင်မှုများရှိကြောင်း မန္တလေးတိုင်းစစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်းများကို စစ်တပ်က ဝင်ရောက် ရှာဖွေပြီး CDM ဝန်ထမ်းများ မတွေ့ သဖြင့် မိသားစုဝင်များကို စစ်တပ်က ဝင်ဖမ်းသွားကြောင်း သိရှိရသည်။

“မနေ့ EPC ရုံးက CDMလုပ်ထားတဲ့ဝန်ထမ်းတွေကို လာဖမ်းကြတာ။ CDM တွေ မတွေ့လို့ မိသားစုဝင်တွေကိုဖမ်းသွားတယ်။ CDM ဝန်ထမ်းတွေကို နေ့စားပြန်လုပ်ကြတာ။ တိုင်လို့ ထင်တယ် ဝင်ဖမ်းတာ။ အဆင်မပြေ တော့ ဒီရုံး ကခေါ်တဲ့အလုပ်ကို နေ့စားဝင်လုပ်တာ။ CDM တွေ မမိဘူး။ မိသားစုဝင် တွေကို မိတာ။ နာမည်နဲ့တကွလာဖမ်းကြတာ ဆိုတော့ရုံးထဲက ဒလန်က တိုင်တာ။ ပုသိမ်ကြီး မြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှာ။ အရပ်ဝတ် အိမ်စီး ကားနဲ့လာဖမ်းကြတာ” ဟု ရွှေစာရံလျှပ်စစ်ခွဲရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများသည် တော်လှန်ရေးအတွက် ထောက်ပို့ လုပ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကွန်ရက်များ ပါဝင်နိုင်သည်ဆိုသော စွပ်စွဲချက်များဖြင့် CDM ဝန်ထမ်းမှန်သမျှ ဖမ်းဆီး ရန်နှင့် စစ်ဆေးရန် လျှို့ဝှက် အမိန့်များကို စစ်ကောင်စီဘက်က ထုတ်ပြန် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article