30 C
Yangon

မန္တလေး၊ ဃ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဥ်မှ ဗုံးထပေါက်ပြီး ၃ ဦးသေဆုံး

Must read

မန္တလေး၊ ဃ ရပ်ကွက်ရုံးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဥ်မှ ဗုံးထပေါက်ပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်မှု စစ်သားများ လာရောက် စစ်ဆေးစဥ်မှ ဗုံးပေါက်၍ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း BRF အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ဃ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ပြီး စစ်သားများ လာရောက် စစ်ဆေးစဥ် ဗုံးပေါက်ကွဲခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“သူတို့စစ်တဲ့ အချိန်မှ ထကွဲတာ စနစ်တံကလဲ ဖြုတ်ပီးသားဆိုတော့ ပစ်ပြီးပြီးချင်း မကွဲသေးဘူး။ Error ဖြစ်သွားတာ စစ်ခွေး ၃ ကောင်သေတယ်” ဟု Brother Revolution Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Anonymous Force Mandalayနှင့် Brother Revolution Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – ဃ ရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ စစ်သားများ လာရောက်စစ်ဆေးနေစဥ် (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article