30 C
Yangon

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီခန့် ကင်းရွာအုပ်ချုပ်ရေး ခင်မောင်ဆန်း ဓားဖြင့် အထိုးခံရပြီး သေဆုံး

Must read

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီခန့် ကင်းရွာအုပ်ချုပ်ရေး ခင်မောင်ဆန်း ဓားဖြင့် အထိုးခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် စစ်ကော်ငစီခန့် ကင်းရွာအုပ်ချုပ်ရေးမှူး ခင်မောင်ဆန်း ဓားဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၁၁ နာရီ ၃၀ အချိန် မိုးကုတ်မြို့နယ်၊ ကင်းကျေးရွာ အုပ်ချုပ်ရေးမှူး ခင်မောင်ဆန်းနှင့် ဇနီးတို့ နေအိမ်တွင် ရှိနေစဉ် အမည်မသိ အမျိုးသားများ ရောက်ရှိလာပြီး ခင်မောင်ဆန်းနှင့်ဇနီးတို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ခင်မောင်ဆန်းကို ဓားဖြင့် ဝိုင်းဝန်း ထိုးသတ်သဖြင့် သေဆုံး သွားကြောင်း၊ ခင်မောင်ဆန်း၏ ဇနီးဖြစ်သူကို တစ်စုံတစ်ရာ အန္တရာယ်ပြု ခြင်းမပြုဘဲ ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

“မိုးကုတ်ကင်းရွာအုပ်ချူပ်ရေးမှူး သတ်ခံရတယ်။ အလောင်းကို မနေ့ မနက် မိုးကုတ်အနောက်ပိုင်းကျပ်ပြင်ဆေးရုံပို့တယ်။ ကင်းရွာအုပ်ကြီး ခင်မောင်ဆန်း တစ်မိသားစာလုံးကြံ့ဖွတ်တွေ။ ခင်မောင်ဆန်းကို ဓားနဲ့ ၀ိုင်းထိုးတယ်။ လင်မ ယားနှစ်ယောက်လုံးကြိုးတုပ်ဖမ်းတယ်။ ခင်မောင်ဆန်းကို သတ်တာ။ သူ့ မိန်းမကိုတော့ ဘာမှ မလုပ်သွားဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ခင်မောင်ဆန်း အလောင်းကို လာရောက် စစ်ဆေးပြီး အနီးအနား ပတ်ဝန်းကျင်ကို စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ၊ ကင်းရွာမှ လူငယ်တချို့မှာ အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ ဖမ်းဆီး ခံရမည်ကိုစိုးရိမ်ထိတ်လန့်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article