35 C
Yangon

မိုးကောင်းမြို့နယ်တွင် စစ်အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို PDF က ဖမ်းဆီးရမိ

Must read

မိုးကောင်းမြို့နယ်တွင် စစ်အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို PDF က ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စစ်အရာရှိဟောင်း အကျဉ်းထောင်မှူး ၁ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း မိုးကောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့UG BLACK K အဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် အမှတ် ၈၂၈ ခြေမြန်တပ်ရင်းတွင် ဗိုလ်ကြီး အဆင့်အထိ တာ ဝန် ထမ်းဆောင်ခဲ့သည့် မိုးကောင်းမြို့နယ်၊ ဒွန်ဘန်အကျဉ်းထောင်မှူး ကိုင်ဇာလျန် မိုးကောင်းပြည်သူ့ကာကွယ် ရေးအဖွဲ့UG BLACK K အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းနေထိုင်ရာအိမ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒွန်ဘန် အကျဉ်းထောင်မှူး ဗိုလ်ကြီးဟောင်း ကိုင်ဇာလျန်သည် အကျဉ်းထောင်မှူးမဖြစ်မီ ရဲအရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီခွဲအချိန် တနင်္သာရီတို်ငး၊ မြိတ်-ထားဝယ် လမ်းမကြီး တစ် နေရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက လုံခြုံရေးအတွက် စစ်ဆေး ရေးများ ပြုလုပ်နေချိန် ခရီးတင်ယာဥ်တစ်စီးပေါ်တွင် လိုက်ပါလာ သော ကော့သောင်း အကျဉ်း ထောင် ဦးစီးမှူး သီရစိုးကို ဖမ်းဆီးရမိကြောင်း မြိတ်ခရိုင် တပ်ရင်း(၁) PPDFက တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article