37 C
Yangon

မုံရွာမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ မသန်စွမ်းသူ ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

Must read

မုံရွာမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူ မသန်စွမ်းသူ ၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြားအာရုံမသန်စွမ်းသူ နှစ်ဦးဖြစ်သည့် ဦးကျော် သန်း နှင့် ကိုမင်းခန့်ကို တို့ကို အကြမ်းဖက် စစ်ကောင်စီက အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် စီ ချမှတ်လိုက်‎ကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“မုံရွာမြို့မှာ အကြားအာရုံမသန်စွမ်းသူ ၂ ယောက် မနေ့က ဒီဇင်ဘာလ ၃၀ ရက် နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်။ နားမကြားသူ ၂ ယောက်ပါ။ အပြင်မှာ ဆန္ဒပြတာ စစ်တာ ရဲက တွေ့လို့ ဖမ်းခံရတာ”ဟု ၎င်းတို့နှင့် နီးစပ် သူမှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဦးကျော်သန်းနှင့် ကိုမင်းခန့်ကို တို့ ၂ ဦးသည် မုံရွာမြို့တွင် စစ်အာဏာရှင် ဆန့် ကျင်ရေး ဆန္ဒပြသည့်အတွက် ၂၀၂၂ ခုနှစ် မတ်လ ၅ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article