37 C
Yangon

မုံးကိုးခရိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး MNDAA ရဲဘော် ၁ ဦးကျဆုံး၊ ချောင်းနှစ်ခွ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်၊ မုံးကိုးခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ တိုက်ပွဲများ ပြင်းထန်နေကြောင်း The Kokang ထံမှ သိရသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၄၂၀ မှ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် MNDAA တပ်ဖွဲ့၏ တပ်မဟာ ၅၁၁ တည်ရှိသည့် မုံးကိုးခရိုင် တာမုံးပေါ်ဒေသသို့ ချီတက်လာပြီး မွန်းလွဲ ၁ နာရီ ၃၄ မိနစ်မှ စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီ ၅၂ မိနစ်ထိ နှစ်ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းသိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ အသေ အပျောက်စာရင်းကို အတည်မပြုနိုင်သေးဘဲ MNDAA တပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း မုံးကိုးဒေသတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ ပြည်သူများ နေထိုင်သည့် ကျေးရွာများကိုပါ ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင်နေအိမ် တချို့ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို ဒီဇင်ဘာလ ၂၁ ရက် နေ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲမေ ၁ ဦး အပါအဝင် ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း Lion Battalion Commando – ဗျူဟာစစ်ကြောင်းထံမှ သိရသည်။

အဆိုပါ ချောင်းနှစ်ခွနယ်မြေရဲ စခန်းကို Lion Battalion Commando – ဗျူဟာစစ်ကြောင်း၏ Angry Bird အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်သေဆုံးမှုမသိရသေးကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article