28 C
Yangon

မြင်းမူ၊ ထီးဆောင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

Must read

မြင်းမူ၊ ထီးဆောင်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကြောင်း People Defence Force Myinmu-MMPDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်၌ ထီးဆောင်ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ကျော်ခန့်ရှိ တပ်မ ၃၃ နှင့် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

” ရဲဘော်တစ်ဦးက လျော့ဒုံး ပစ်ဖို့လုပ်ရင်းနဲ့ လက်ထဲတင်အသီးကကွဲသွားတာ တစ်​ဦးက နေရာတင်ဆုံးသွားတယ်။ ကျန် ရဲဘော်ကတော့လကုသမှု ခံယူနေရတယ်။ စစ်ခွေးတွေဘက်ကတော့ drone နဲ့ချတာက တစ်ပွင့် ဗိုလ်တစ်ယောက်သေတယ်။ နောက်တစ်ယောက်က ဆေးရုံမှာ သေတယ်” ဟု People Defence Force Myinmu-MMPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (MMUPDF) ၊ Zero Power- Myinmu ၊ GTR –MMU ၊ စစ်ကိုင်းခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ ၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ NDRF နှင့် မြင်းမူမြို့နယ် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article