33 C
Yangon

မြစ်ကြီးနားရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်၊ ဖားကန့် နှင့်မန္တလေးတို့တွင် ရွှေဆိုင်များ ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ လုယက်ခံရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ယနေ့ နံနက် ပိုင်း ပြင်းထန်သော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားကြောင်း မြစ်ကြီးနား ဒေသခံ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် မြစ်ကြီး နားမြို့ ရှိ ကချင်ပြည်နယ် စစ်ကောင်စီရုံးတွင် ပြင်းထန်သောပေါက်ကွဲသံ တစ်ရပ် ကြားရပြီး စစ်ကောင်စီတပ်များ ၀ရုန်းသုန်းကားဖြင့် ပိတ်ဆို့ စစ်ဆေးမှုများတွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။

“မြစ်ကြီးနား ပြည်နယ်အစိုးရရုံးထဲမှာပဲ ပေါက်ကွဲသံ ကြားရတာ။ ဗုံးပေါက်တဲ့ အသံကြားရတာ။ တော်တော်ကျယ်တယ်။ ခဏနေတော့ ပြည်နယ်ရုံးရှေ့နားနဲ့ ပတ်ဝန်းကျင်ကို ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်တယ်။ စစ်တပ်နဲ့ ရဲက။ စစ်ကားနဲ့ ရဲကားတွေလည်း မြစ်ကြီးနားမြို့ထဲမှာ လှည့်နေတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ယနေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စင်ကြယ်ရွှေဆိုင်၊ မန္တလေး တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ မောသစ် ရွှေဆိုင်တို့ လုယက်ခံရပြီး သိန်း ထောင် ချီ ဓားပြတိုက်ခံရကြောင်း သိရှိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို၊ ငှက်ပျောတောရပ်ကွက်ရှိ၊ စင်ကြယ်ရွှေဆိုင်ကို ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်အချိန် လူ ၃ ဦးက ပစ္စတို သေနတ်များဖြင့် ဓားပြဝင်တိုက်ရာ ရွှေဆိုင်မှ SK တံစိပ်ပါ လက်စွပ်မောင်းကွင်း ၁၀၀ ကျော်၊ ငွေသားများ စုစုပေါင်း သိန်း ၂၀၀၀ ကျော်ခန့် ပါသွားကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီ မန္တလေးတိုင်း၊ ပြည်ကြီး တံခွန် မြိုနယ်ရှိ မောသစ်ရွှေဆိုင်မှ ရွှေခြင်းနှစ်ခြင်း ဓားပြတိုက်ခံရကြောင်း မန္တလေး မြို့ခံများက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ မောသစ်ရွှေဆိုင်သို့ ဆိုင်ဖွင့်ရန် ရွှေဆိုင်ပိုင်ရှင်က လာစဉ် ဆိုင်ကယ်စီး လူတစ်စုက ရွှေများထည့်ထားသည့် ခြင်းနှစ်ခြင်းအား ဓါးပြ တိုက်ကာ လုယူသွားခြင်းကြောင်း သိရသည်။

“ဓာတ်သိဖြစ်ဖို့များတယ်။ ဆိုင်ဖွင့်တဲ့အချိန်၊ အိမ်က ထွက်တဲ့အချိန် အဲဒါတွေ ကို စောင့်ကြည့်ပြီး လုပ်သွားတာ။ ရွှေခြင်းထဲမှာ ရွှေလက်ဝတ်ရတနာ မျိုးစုံပါ တော့ သိန်း ၃၀၀၀ အထက်လောက်ပါသွားတယ်ပြောတယ်” ဟု မန္တလေး ဒေသခံတစ်ဦးက ပြောဆိုသည်။

ပြည်ကြီးတံခွန်ရှိ မောသစ်ရွှေဆိုင်သည် ဇူလိုင် ၂၄ ရက်နေ့တွင်လည်းကောင်း ၊ အောက်တိုဘာ ၁ ရက်နေ့တွင်လည်းကောင်း ဓားပြတိုက်ခံခဲ့ရပြီး ယခု ဓားပြ တိုက်ခံ ရမှုသည် တတိယအကြိမ် ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အောက်တိုဘာလ ၁ ရက်နေ့ မောသစ်ရွှေဆိုင် ဓားပြတိုက်ခံရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article