32.1 C
Yangon

မြန်မာတက္ကသိုလ်ကျောင်းသားများ သြစတြေးလျတွင် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရ

Must read

မြန်မာတက္ကသိုလ်ကျောင်းသားများ သြစတြေးလျတွင် ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရ

By SARAH ISON

မိခင်နိုင်ငံအတွင်း “ပြည်တွင်းမငြိမ်မသက်မှု” တွေဖြစ်ပွားနေတာကြောင့် ဆိုတဲ့အကြောင်းပြချက်နဲ့ သြစတြေးလျ တက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ လျှောက်တင်ထားတဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရမှုတွေ ရှိလာနေပါတယ်။

တဆက်တည်းဆိုသလိုပဲ ဒါနဲ့ပတ်သက်ပြီး တက္ကသိုလ်တွေနဲ့ ပင်မနိုင်ငံတကာ ပညာရေးအဖွဲ့တွေအကြား သတိပေးချက်တွေ ရုတ်တရက်ဆိုသလိုပဲ ထွက် ပေါ်လာခဲ့ပါတယ်။

The Australian သတင်းစာက တွေ့မြင်ခဲ့ရတဲ့ ငြင်းဆိုစာအများအပြားမှာ “မိမိတို့ပြည်တွင်းမှာ မိသားစုပိုင်ဆိုင်မှုတွေ ရှိကြောင်း” ကျောင်းသားများက ပြောဆိုပေမယ့် သြစတြေးလျ ပြည်ထဲရေးဌာနကတော့ လျှောက်ထားသူ တွေ အနေနဲ့ ကျောင်းအပြီးမှာ သြစတြေးလျနိုင်ငံကနေ ထွက်ခွာပါ့မလား ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်း တင်းမာမှုတွေ မြင့်တက်လာပြီး၊ ဒီမိုကရေစီလိုလားတဲ့ အင် အားစုတွေနဲ့ စစ်အုပ်စုအကြား ထိပ်တိုက်တွေ့ဆုံမှုတွေလည်း ဆက် လက် မြင့်တက်လာကာ၊ စစ်ကောင်စီက ရာနဲ့ချီတဲ့ ပြည်သူတွေကို သေဒဏ် ချမှတ်နေပါတယ်။

အဲ့ဒီ့အခြေအနေကြားမှာပဲ သြစတြေးလျနိုင်ငံအတွင်း မြန်မာကျောင်းသား တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်တင်မှုအပေါ် ငြင်းဆိုမှုတွေဟာ ရုတ်တရက် မြင့်တက်လာခဲ့ပြီး၊ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ခု အတွင်း အနည်းဆုံး ဗီဇာ ၃၇ ခု ငြင်းပယ်ခံခဲ့ရပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပြည်ထဲရေးဌာနရဲ့ နိုင်ငံ(မြန်မာ) အပေါ် ထားရှိတဲ့ မူဝါဒ ရုတ်တရက် ပြောင်းလဲသွားခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းကို နားလည်ဖို့ ကြိုးစားနေတဲ့အတွက် တက္ကသိုလ် (အနည်း ဆုံး) တစ်ခုမှနေပြီး မြန်မာနိုင်ငံမှ ကျောင်းသားတွေအတွက် အနာဂတ် ကမ်းလှမ်းချက်အားလုံးကို ခေတ္တရပ်ဆိုင်းထားတယ်လို့ ဩစတေးလျန် သတင်းစာက ဆိုပါတယ်။

သြစတြေးလျ နိုင်ငံတကာပညာရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Phil Honeywood ကတော့ အီရန် ဟောင်ကောင် တို့လို “ပြည်တွင်း မငြိမ် မသက်မှု”တွေရှိတဲ့ အခြားနိုင်ငံတွေအပေါ်မှာတော့ အလားတူ ဗီဇာ ငြင်းဆို မှုများ တိုးမြှင့်လာခြင်း မရှိတဲ့အပေါ် သုံးသပ်ပြီး၊ မြန်မာနိုင်ငံ နဲ့ပတ်သက် တဲ့အခြေအနေကို “အတော့်ကို ကို့ယို့ကားယားနိုင်တဲ့ အခြေအနေ” လို့ ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ ၁၆ နှစ်တာ ကာလအတွင်းမှာ ကျူရှင်ခအပြည့်ရတဲ့ တောက်ပတဲ့ အနာဂတ်ရှိကြတဲ့ လူငယ်တွေ ဩစတေးလျမှာ ပညာသင်ကြားနိုင်ဖို့အတွက် ပြည်ဝင်ခွင့်ကို ငြင်းပယ်ဖြစ်တဲ့နေရာမှာ အကြောင်းပြချက်တခုအနေနဲ့ ‘ပြည်တွင်းမငြိမ်မသက်မှု’ ဆိုတဲ့ ကိုးကားချက်ကို ကျွန်တော် တစ်ခါမှ မတွေ့ ဖူးခဲ့ပါဘူး” လို့ ၎င်းက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးကဏ္ဍမှ တင်ပြချက်များကို လက်ခံရရှိ ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပေမယ့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း အဘယ်ကြောင့် ဗီဇာငြင်းပယ်မှုများ မြင့်တက် လာခြင်းအပေါ် ရှင်းပြရန်ကိုမူ ငြင်းဆိုခဲ့ပါတယ်။

“အခြားနိုင်ငံတွေမှာ နှိပ်စက်ညှဉ်းပန်းခံရနိုင်တဲ့ လူပုဂ္ဂိုလ်/ အုပ်စုတွေရဲ့ ကိုယ် ရေးအချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်းဟာ သူတို့ကို အန္တရာယ် ဖြစ် စေ နိုင်တဲ့အတွက်၊ ၄င်းတို့ဌာနအနေနဲ့ ထိုသူတို့ရဲ့ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ပြန်လည်နေရာချထားရေးနဲ့ဆိုင်တဲ့ အလားအလာတွေအပေါ် မှတ်ချက်ပေးမှာမဟုတ်ဘူး” လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြား ခဲ့ပါတယ်။

“ကျောင်းသားဗီဇာအတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ဆုံးဖြတ်ချက်ချ မှတ်သူတွေဟာ လျှောက်ထားသူရဲ့ တစ်ဦးချင်းစီ အခြေအနေတွေသာမက လျှောက်ထားသူရဲ့ နိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေး အကြောင်းအရာတွေပါ ထည့်သွင်းစဉ်းစားတာလို့” လည်း ဆိုပါတယ်။

အတိုက်အခံ လူဝင်မှုကြီးကြပ်ရေး ပြောရေးဆိုခွင့်ရှိသူ Dan Tehan က အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုပွင့်လင်းမြင်သာမှုရှိရန် တောင်းဆိုမှုအပေါ် လူဝင်မှု ကြီးကြပ် ရေးဝန်ကြီး Andrew Giles က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

“နိုင်ငံတကာပညာရေးဟာ သြစတြေးလျစီးပွားရေးအတွက် အရေးပါတဲ့ အခန်း ကဏ္ဍှမှာရှိပြီး၊ Albanese (ဝန်ကြီးချုပ်) အစိုးရအနေနဲ့ Covid-19 ကပ်ဘေး ကနေပြီး ပြန်လည်ရုန်းထလာတဲ့ ဒီကဏ္ဍကို ယုံကြည်မှုနဲ့ တိုးတက်မှုတွေ ပျက်ပြားစေအောင် လုပ်ဆောင်မှာကိုတော့ စိုးရိမ်ပါတယ်” လို့သူကဆိုပါတယ်။

“ကျောင်းသားများနဲ့ ပညာရေးသမားတွေဟာ ဗီဇာဆုံးဖြတ်ချက်များနဲ့ ပတ် သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်” လို့သူက ဆက် ပြောပါတယ်။

သြစတြေးလျတက္ကသိုလ်များရဲ့ အမှုဆောင်အရာရှိချုပ် Catriona Jackson ကတော့ ၄င်းတို့ပင်မအဖွဲ့အစည်းအနေနဲ့ ချောမွေ့ပြီး ပွင့်လင်းမြင်သာတဲ့ ဗီဇာ စနစ်အတွက် ဆက်လက်တွန်း အားပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

“မိမိတို့နိုင်ငံအတွက် အရေးပါတဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပါဝင်ပံ့ပိုး ကူညီမှု တွေ ပြုလုပ်ပေးနေတဲ့ ထောင်ပေါင်းများစွာသော နိုင်ငံတကာ ကျောင်းသား တွေအတွက် သြစတြေးလျဟာ အိမ်တဆောင် ဖြစ်ပါတယ်” လို့လည်း ဆိုပါ တယ်။

“ကျွန်ုပ်တို့အနေနဲ့ ဗီဇာလုပ်ငန်းစဥ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ ပုံမှန် အဆက် အသွယ်ရှိပြီး ပွင့်လင်းချောမွေ့တဲ့ စနစ်တစ်ခုနဲ့ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းစဉ်တွေကို သမာသမတ်ရှိရှိ ထိမ်းသိမ်းလုပ်ဆောင်သွားမှာ ဖြစ်သလို၊ ကျွန်ုပ်တို့ရဲ့ နိုင်ငံလုံခြုံရေးနဲ့ အနာဂတ်သာယာဝပြောရေးကို ပံ့ပိုးပေးဖို့ရာအတွက်လည်း ဆက်လက် စည်းရုံးထောက်ခံ အားပေးသွားမှာ ဖြစ်တယ်” လို့ သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

(THE AUSTRALIAN သတင်းစာပါ SARAH ISON ၏ “Myanmar university students denied visas to study in Australia” ဆောင်းပါးကို ဆီလျှော် အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article