28 C
Yangon

မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချသည့် ကုမ္ပဏီအားလုံးကို အရေးယူ ပိတ်ဆို့ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် အဖွဲ့ ၅၁၆ ခုက တောင်း ဆို

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် ကုမ္ပဏီအားလုံး ကို ချက်ချင်း အရေးယူပိတ်ဆို့ရန်နှင့် မြန်မာအပေါ် လေယာဥ်ဆီ တင်ပို့ရောင်း ချမှု တားမြစ်ရေး လုပ်ဆောင်ရာတွင် နိုင်ငံတကာမဟာမိတ်များ ပူးပေါင်း ဆောင် ရွက်ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် မြန်မာနှင့် နိုင်ငံ တကာလူမှု အဖွဲ့ ၅၁၆ ဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်း ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စု ကို ဆန့်ကျင်အန်တုကာ ၎င်းတို့၏ ရပိုင်ခွင့်နှင့် ဒီမိုကရေစီကို ရဲရင့်စွာဆက် လက် ကာကွယ်နေကြသည့် မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်သည့်အနေဖြင့် မြန်မာစစ်အုပ်စုကို လေယာဉ်ဆီတင်ပို့ရောင်းချရာတွင် မည်သည့် ဗြိတိသျှကုမ္ပဏီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခြင်း မရှိရေး ယူကေအစိုးရမှ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ယူကေ နိုင်ငံခြား ရေး ဝန်ကြီးထံ အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

ထို့အပြင် မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း အဖွဲ့ အစည်း ၅၁၆ ဖွဲ့က တိုက်တွန်းသည်။

အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင် အာဏာလုယူရေးကြိုးပမ်းမှုသည် နိုင်ငံတစ်ဝန်းတွင် ဆိုးရွာကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ယခင်က တစ်ခါမျှ မကြုံခဲ့ဖူးသည့် လူ့အခွင့် အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ် စေခဲ့ ကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လေကြောင်း တိုက် ခိုက် မှုများကြောင့် လူပေါင်း ၂၅၀၀ အသက်ဆုံးရှုံးရပြီး လူပေါင်း ၂ ဒသမ ၅ သန်းကျော် အိုးအိမ်စွန်ခွာထွက်ပြေးစေခဲ့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။

အကြမ်းဖက်စစ်အုပ်စု သည် ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ဌာနများ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ အပါအဝင် အရပ်သား များသည် လေကြောင်း တိုက်ခိုက်မှု၏ ပစ်မှတ်ထားခြင်းနှင့် ခြိမ်းခြောက်မှုကို အစဉ်တစိုက် ခံနေရသည့်အပြင် အသက်ဘေးအတွက်လည်း ထွက်ပြေးနေကြရ ကြောင်း လည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံခြားကုမ္ပဏီများက တင်ပို့‌ရောင်းချသော၊ ကြားဝင်အကျိုးဆောင်ပေးသော လေယာဉ်ဆီများကြောင့် ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားဆိပ် ကမ်းများမှ တင်ပို့သော လေယာဥ်ဆီရောင်းချမှု ကွင်းဆက်များသည် စစ်အုပ်စု က နေ့စဥ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် တိုက်ရိုက်ချိတ်ဆက် နေ ကြောင်း၊ ထို့ပြင် ဗြိတိသျှကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ လေယာဥ်ဆီ တင်ပို့ နေ သည့် သင်္ဘောများကို အာမခံဝန်ဆောင်မှုပေးနေကြောင်း စုံစမ်း သိရှိရ ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချမှု ကွင်းဆက်သာ ဆက်လက်လည်ပတ်ခွင့် ရနေမည်ဆိုပါက စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် နောက်ထပ် လူ့အသက်များစွာကို နုတ်ယူမည့်အပြင် ကြီးမားသည့် နေရပ်စွန့်ခွာ ထွက်ပြေး ရမှုများ၏ အခြေအနေကိုလည်း ပိုမိုဆိုးရွားလာစေ မည်ဖြစ် ကြောင်းလည်း ဖော်ပြထားသည်။

ယခုအချိန်သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဤအပြည်ပြည်ဆိုင်ရာ ရာဇဝတ် အဖွဲ့ထံ စီးဆင်းနေသော လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုများကို ဖြတ် တောက် ရန် အလုံးစုံသောတားမြစ်ချက်ကို လုပ်ဆောင်ရမည့်အချိန် ဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုးများအပေါ် ထားရှိသော ယူကေအစိုးရ အနေနှင့် မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသည့် အကျပ်အတည်းကို ဖြေရှင်းရန် ထိရောက်အဓိပ္ပာယ်ရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြသရန်လည်း အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

ထို့ပြင် ယူကေအစိုးရ၏ စစ်ရာဇဝတ်ကောင်များနှင့် စစ်အုပ်စုနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ အပေါ် အရေးယူပိတ်ဆို့ခြင်းအပါအဝင် မြန်မာပြည်သူ များကို ပံ့ပိုးသည့် ယခင်လုပ်ဆောင်ချက်များနှင့် မြန်မာပြည်သူများကို တရား ဝင် ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ရုံးကို လူကြီးမင်း ၏နိုင်ငံတွင် ဖွင့်လှစ်ရာတွင် အားပေးထောက်ခံခဲ့မှု တို့ကို အသိအမှတ် ပြု ကြောင်း၊ နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲ ဆိုထားသည့် ဂမ်ဘီယာ၏အမှု၌ နောက်ကျမှဖြစ်သော်လည်း ပါဝင်လာသော ယူကေအစိုးရ၏ ထောက်ခံရပ်တည်မှု ကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ရက် စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန် ယခုထက် ပိုမိုပြတ်သားပြီး လက် တွေ့ကျသည့် လုပ်ဆောင်မှုများ အရေးပေါ် လိုအပ်နေလျက်ရှိကြောင်း၊ ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံသော အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟူသည့် ယူကေအစိုးရ၏ ကတိ သည်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဦးစားပေးရမည် ဖြစ်ကြောင်း ထုတ်ဖော်ရေးသား ထားသည်။

စစ်အုပ်စုထံ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် မြန်မာ ကုမ္ပဏီ များနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် ချက်ချင်းဒဏ်ခတ် အရေးယူပိတ် ဆို့ပေး ပါရန် အလေးအနက် ပန်ကြားကြောင်း အိတ်ဖွင့်ပေးစာတွင် တောင်းဆို ထား သည်။

ယူကေအစိုးရအနေနှင့် ပိတ်ဆို့အရေးယူရာတွင် မြန်မာနိုင်ငံသို့ လေယာဥ်ဆီ တင်ပို့ ရာ၌ အသုံးပြုနေသည့် သင်္ဘောများနှင့် အခြေခံအဆောက်အဦ များ အတွက် အာမခံပေးသည့် ကုမ္ပဏီများ၊ အသိအမှတ်ပြုခြင်းနှင့် စိစစ်အတည် ပြုခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့လည်း အကျုံးဝင် ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုသည် တင်ပို့ရောင်းချသူများထံမှ စီးပွားရေး သုံးအဆင့် လေယာဥ်ဆီများကို ယခင်က သိမ်းဆည်းခဲ့ဖူးသည့်အတွက် မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချမှုကို အလုံးစုံတားမြစ်ရန် မဖြစ် မနေအရေးကြီးကြောင်းလည်း ဖော်ပြထားသည်။

လေယာဥ်ဆီ တင်ပို့ရောင်းချမှုကို အလုံးစုံတားမြစ်လိုက်ပါက စီးပွားဖြစ် ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးများအပေါ် သက်ရောက်မှု ရှိမည်ကို သဘောပေါက် နားလည်သော်လည်း စစ်ကောင်စီ၏ ရက်စက် ကြမ်း ကြုတ် သည့် လေကြောင်းတိုက်ခိုက်မှုများ လျှော့ချနိုင်မှုကြောင့် ရရှိလာမည့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးအမြတ်သည် လေယာဥ်ဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်းကြောင့် ဖြစ်လာမည့် မည်သည့် အဆင်မပြေမှု များထက်မဆို ပို၍သာလွန်ကောင်းမွန်မည်ဟု ယုံကြည်ကြောင်းလည်း အိတ်ဖွင့် ပေးစာတွင် ရေးသားထားသည်။

ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ် အလုံးစုံသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်သည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြဌာန်းနိုင်ရေး လုပ်ဆာင်ရန် ယူကေအစိုးရကို ယုံကြည်စွာအပ်နှင်းကြောင်း၊ ယင်းဆုံးဖြတ်ချက်တွင် လက်နက်၊ ခဲယမ်းနှင့် ကိရိယာများအပြင် စစ်ဘက်သင်တန်းနှင့် အကူအညီများ အားလုံးအပေါ် အကျုံးဝင်သည့် တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့ များ က တောင်းဆိုသည်။

ယူကေအစိုးရအနေဖြင့် တရားမဝင် စစ်အုပ်စုမှ နေ့စဥ်နှင့်အမျှ ကျူးလွန်နေ သည့် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်နိုင်ရန်နှင့် မြန်မာပြည်သူများ၏ ဘဝများကို ကာကွယ်ပေးရန်အတွက် ရနိုင်သမျှသော လက်နက် ကိရိယာ အားလုံးကို အဆုံးစွန်ထိ အသုံးပြုလုပ်ဆောင်ရမည် ဖြစ်ကြောင်း ယူကေ နိုင်ငံခြား ရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာတွင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံ တကာ အဖွဲ့အစည်း စုစုပေါင်း ၅၁၆ ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆိုခြင်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article