30 C
Yangon

မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ နီးပါး ပြာ ကျ၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်

Must read

မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ နီးပါး ပြာ ကျ၊ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်က ရမ်းသမ်း ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ မန်ကျည်းလေးပင်ရွာနှင့် ကန်နက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၄၀ လုံးနီးပါး ပျက်စီး ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် မြောက်ပိုင်း ရှိ မန်ကျည်းလေး ပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကန်နက်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းမီးရှို့ခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင် အိုးဘိုရွာ၌ တပ်စွဲပြီး ကန်နက်ရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

” မန်ကျည်းလေးပင်ရွာကတော့ စစ်တပ်မီးရှို့လို့ နေအိမ် ၃၆ လုံးကျော် မီးလောင်ပြာကျသွားတယ်။ ကန်နက်ရွာက တော့ အခုထိဝင်လို့မရသေးဘူး။ ကန်နက်နဲ့ အခုစစ်ခွေးတွေ တပ်စွဲထားတဲ့ အိုးဘို ရွာက တော်တော်နီးတယ်။ စစ်ခွေးတွေကလည်း အိုးဘိုရွာထဲကနေ ကန်နက်ရွာထဲကို လက်နက် ကြီးတွေ လှမ်းပစ်နေတယ်” ဟု We love Myaing အဖွဲ့နှင့် မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူများကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်နက်ရွာ စာသင် ကျောင်း ၌ ညအိပ် တပ်စွဲထားပြီးကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article