26 C
Yangon

မြိုင်မြို့နယ် တောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၀ ကျော် ဆုံး ရှုံးပြီး အသက် ၈၅ နှစ်အရွယ် အဘိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

Must read

(သတိပေးချက်- စိတ်မချမ်းမြေ့စရာ ဓာတ်ပုံများ ပါဝင်နေပါသည်)

မြိုင်မြို့နယ် တောင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အိမ်ခြေ ၅၀ ကျော် ဆုံး ရှုံးပြီး အသက် ၈၅ နှစ်အရွယ် အဘိုးအို ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ဆောက်အုပ်စု တောင်ရွာကို စစ်တပ်က ဒီဇင် ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၈၅ နှစ် အရွယ် အဘိုးတစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

“ရွာထဲက လူတွေက သူတို့စစ်ကြောင်းထိုးလို့ရှောင်နေတဲ့အချိန် တောင်ရွာကို ၃ နေရာ ခွဲရှို့တာ။ ကျနော့်အဖေရဲ့ ဦးလေး၊ ကျနော့်ဘကြီးတော့ မီးထဲပါ သွား တယ်။ နာမည်က ဘလတ်။ အသက် ၈၅ နှစ်။ နေမကောင်းလို့ လမ်းမ လျှောက် နိုင်တာ သမီးတွေက ပွေ့ထူတာကို ငါမလိုက်ဘူး ။ နင်တို့သာလွတ် အောင် ပြေး ဆိုပြီး နေခဲ့တာ။ စစ်ကြောင်းပဲ ထိုးမယ်ထင်တာ။ မီးရှို့မယ် မထင် လို့ ထားခဲ့မိတာတဲ့” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရွာတွင် အိမ်ခြေ ၅၀ ကျော် မီးလောင် ပျက်စီးခဲ့ရကြောင်း၊ ရွာအတွင်းသို့ လက်နက်ကြီးဖြင့် လှမ်းပစ်မည်စိုး၍ ပြည်သူများ ပြန်မဝင်နိုင်သေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်တပ်က တောင်ရွာကို မီးရှို့ပြီး ပြန်ထွက်ချိန်တွင် ပြည်သူ့ ကာကွယ်ရေး အဖွဲ့များ နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း ၊ စစ်ကောင်စီ ဘက်မှ လည်း အထိအခိုက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်တပ်က တောင်ရွာနှင့် ၃ မိုင်ကျော်ခန့်ဝေးသည့် သဲကြီး ရွာသို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article