27 C
Yangon

မြိုင်၊ ကျောက်ခွက်ရေနံမြေရှိ စစ်တပ်စခန်းကို PDF တပ်ဖွဲ့များ တိုက်ခိုက်၊ ရွှေဘိုနှင့် ကလေးမြို့ တွင် စစ်ကြောင်းများကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံ​မြေရှိ အကြမ်းဖက် စစ်တပ်စခန်း ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း Black God ပျောက် ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် မြိုင်မြို့နယ် အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စခန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းများဖြင့် အီနာဂါ ကျဲချခြင်း၊ တာဝေး ပစ် လက်လုပ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

” မနေ့က ညနေပိုင်းက ကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့ကျော်တယ်။ စစ်မျက်နှာ ၄ ခု ကနေ ဝိုင်းပြီးပစ်ကြတာ ဒရုန်းနဲ့ ဗုံးသီးအရင်သွားချတယ်။ ဒရုန်းနဲ့ချတဲ့ အချိန် မှာ သူတို့ဘက်က ဒရုန်းလာရာဘက်ကို လက်နက်ကြီးတွေ လက်နက်ငယ် တွေနဲ့ ပစ်တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေဘက်ကနေ လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ဝိုင်းပစ်ကြရင် တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ နာရီဝက်ကျော်လောက်ထိ ဆက်တိုက်ပြန်ပစ်တယ်။ ပြီး တော့ ငြိမ်သွားကြတယ်။ ထိပြီး သေကုန်ကြသလားဆိုတာတော့ အတိအကျ မသိရသေးဘူး။ အထိအခိုက် စာရင်းကတော့ စုံစမ်းနေတုန်းပဲ အထိအခိုက် များမယ် ဆိုတာတော့ သေချာတယ်” ဟု Black God ပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း-၁၁ တပ်ခွဲ၃ (Black God ပျောက်ကျားတပ်ဖွဲ့ )၊ ဂျိမ်းစဘွန်းပျောက်ကျားတပ်ဖွဲ့ (မြိုင်)၊ လင်းယုန် ညီ နောင် ပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ Joker ပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ ဗိုလ်မိုက်ခဲ ပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ LBT ပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ MVRF တပ်ခွဲ၃ နှင့် မြိုင်မြို့နယ် လက်အောက်ခံ Local pdf များ အခြားသော ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်များ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောကျေးရွာရှိ ပျူစောထီးများ နှင့် ညောင်ကိုင်းကျေးရွာရှိ ပျူ စောထီးများကို ပါဆယ်ဗုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မတစ်ထောင် – တစ်ကောင်ဖွား ဒီပဲယင်း PDF ထံမှ သိသည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် တည်သီးတောရွာရှိ ပျူစောထီးများ ထံသို့ ပါဆယ်မိုင်း ပို့၍ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစော ထီး တစ်ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ နေ့ လည် ၁၂ နာရီခန့်တွင် တည် သီး တော ရွာ အနောက်ဘက်ရှိ ညောင်ကိုင်းကျေးရွာက ပျူစောထီးများကို ပါဆယ် ဗုံး ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသော ပျူစောထီးကို ဆေးကုသရန် ဆေးဆရာအား သွားရောက် ပင့်ဆောင်ရာ မလိုက်သဖြင့် သေနတ်ဖြင့် ခြိမ်းခြောက်ကာ ခေါ်ဆောင်သွားကြောင်း၊ ယင်း တိုက်ခိုက်မှုကို မတစ်ထောင် – တစ်ကောင်ဖွား (ဒီပဲယင်း) အဖွဲ့နှင့် တိုက်နယ် ၂ မဟာမိတ် ညီနောင် ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ဧရာဝတီဘဏ်၌ အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခဲ့ ကြောင်း Burma Ranger(Shwebo) တပ်ဖွဲ့ က ရန်ကုန်ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဧရာဝတီဘဏ်၌ ကင်း စောင့် နေသည့် အကြမ်းဖက် စစ်သားများကို Burma Rangers (Shwebo) အဖွဲ့က လက်ပစ်မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“၇ကောင် ၈ ကောင်လောက် ပုံမှန်ရှိတယ်၊ ဘဏ်ရှေ့မှာ ဘန်ကာတွေလုပ်ပြီး စောင့် နေတာ၊ ဘဏ်ရဲ့ ဘေးလမ်းကြားကနေ ဝင်ပစ်ခဲ့တာ၊ သေဖို့တော့များ တယ်၊ ဘဏ်အုတ်နံရံအတွင်းဘက်ထိ ရောက်ပြီး ပေါက်သွားတာ၊ ပေါက်ကွဲသံ ကြားပြီးမှာ ပစ်ခတ်သံကြားရတယ်၊ ခွေးကောင်သေမသေသိရဖို့ စုံစမ်း နေပါ တယ်” ဟု Burma Ranger(Shwebo) တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြား ရေး တာဝန် ခံ ဗိုလ်အေဓီက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သုံးအိမ်စု ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Kalay PDF ထံမှ သိရ သည်။

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၉ နာရီခန့်က ကလေးမြို့၊ တောင်သာရပ်ကွက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများသည် စက္ကန့်ကျေးရွာ၌ ညအိပ်ရပ်နားပြီး သုံး အိမ်စုကျေးရွာသို့ ဆက်လက် စစ် ကြောင်း ထိုးလာစဉ် ပဒေသာမိုင်း ၅ လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါမိုင်း ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု ရှိသော် လည်း အတည်မပြုနိုင်သေးကြောင်း၊ အကြမ်းဖက် စစ် တပ်က မိုင်းဖောက်ခွဲရာ နေရာအနီးတဝိုက်ကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ နဂါးပွတ်ရွာအတွင်းကျရောက်ပြီး အဘွား အိုတစ်ဦး၊ နွားတစ်ကောင် ထိမှန်ဒဏ်ရာရရှိကြောင်း၊ ဆိုင်ကယ် ၃ စီးလည်း ထိခိုက် ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့အပြင် သုံးအိမ်စုရွာအနီး ဖြတ်သန်းသွားသော အသက် ၁၄ နှစ်အရွယ် မြို့ကြီး ကုန်း ကျေးရွာမှ ကလေး တစ်ဦး ကိုဖမ်းဆီးပြီး မြို့လှကုန်းကျေးရွာ အတွင်း သို့ ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article