31 C
Yangon

မြိုင်၊ ဖောင်းကွဲရွာမှ စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

Must read

မြိုင်၊ ဖောင်းကွဲရွာမှ စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲရွာသား စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မြိုင်မြို့နယ်၊ ဖောင်းကွဲရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ စိတ်ရောဂါခံစားနေရသူ ကိုဘိုလွင်၊ ကိုအေးဖေ၊ ကိုကျော်နိုင်နှင့် ကိုငဗိုလ်တို့ ၄ ဦးကို စစ်တပ်က ဖမ်းဆီးကာ ၁ ဦးကို ခေါင်းဖြတ် သတ်ပြီး ကျန် ၃ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်း ဝင်ရောက် စီးနင်းစဥ် စိတ်ရောဂါ ခံစားနေရသူ ၄ ဦးသည် ကျေးရွာအတွင်း ကျန်ရှိနေခဲ့ခြင်းဖြစ်ပြီး စစ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” မြိုင်မြို့နယ် ဖောင်းကွဲရွာမှာ စိတ်ရောဂါ ခံစားနေရသူ ၄ ဦးကို စစ်တပ်က ရက်စက်စွာ သတ်သွားတာပါ။ စိတ်မနှံ့သူတွေက စစ်ခွေးတွေ ရွာထဲဝင်လာတဲ့ အချိန်မှာ ကျန်နေခဲ့တာ အဲ့ဒါကို ရက်စက်စွာ သတ်သွားတာပါ။ တစ်ဦးကို ခေါင်းဖြတ်ပြီး ကျန်သုံးဦးကိုတော့ နှိပ်စက် သတ်ဖြတ် သွားတာပါတယ်။ သေနတ် ဒဏ်ရာတွေလည်း တွေ့ရပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်းနေအိမ်များကို ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံ ပြည်သူများက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article