29 C
Yangon

မြောင်မြို့နယ်တွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကုန်းရွာကို စစ်တပ်က မီးတင်ရှို့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် စစ်တပ်က ကုတို ကျေးရွာ အတွင်းသို့ လက် နက် ကြီး များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး မီးဝင်ရှို့ ခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကျေးရွာတစ်ခုလုံး မီးလောင် ပြာကျနိုင်သည်အထိ စစ်တပ်က အလုံးအရင်းဖြင့် မီးဝင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် ၈ နာရီ ၄၀ မိနစ်မှာ ကုတိုကျေးရွာနားကို စစ်ကြောင်းက ဝင်လာပြီး တော့ မနက် ၉ နာရီ ၂၀ လောက်မှာ စစ်ခွေးတွေကအင်အားအလုံးအရင်းနဲ့ ကုတိုကုန်းကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပါတယ်။ ရွာက အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။ ရွာကိုဝင်တော့ လက်နက်ကြီးနဲ့ လိုက်ထုတာ။ ရွာထဲက ထွက် ပြေးတဲ့ ပြည်သူတွေကိုလည်း လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အိမ်ခြေ ကတော့ ရွာလုံးကျွတ် မီးလောင်သွားဖို့များတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက စစ်ကိုင်းအတွင်းရှိ ကျေးရွာ ၁၀ ရွာထက် မနည်းကို ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article