31 C
Yangon

မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်၊ ကန့်ဘလူတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီ တပ်သားများ စုဝေးရာ နေရာ ၄ ခုကို တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း(၅)-MRA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မြောင်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ စုဝေးရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ယာ နှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာ ၄ ခုကို ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို အားပေးနေကြမယ့် အခြေအနေကို အခွင့်ကောင်းယူပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ယာ နှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်။ စစ်ခွေး သေစာရင်းကတော့ အတိအကျ မသိရသေးပါဘူး

Confirm ဖြစ်ဖို့ စိစစ်ဆဲပါ။ ဒီmission ကို ကမ္ဘာဖလား ဗိုလ်လုပွဲရက်မှာ သေချာသတ်မှတ်ပြီး ကျနော်တို့ plan တွေချခဲ့ပါတယ်။ နောင်လဲ ခုလို missionတွေ လုပ်သွားအုံးမှာပါပဲ အဲ့တာမို့ ပြည်သူများအနေနဲ့ စစ်ကောင်စီတပ် နဲ့ နီးစပ်ရာတွေမှာ သွားလာလှုပ်ရှားမှုတွေ တတ်နိူင်သလောက် မလုပ်ကြဖို့နဲ့ ဂရုစိုက်ပြီး နေပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်” ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၅)-MRA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၅)-MRA၊ မြောင်မြို့နယ် ပ.က.ဖ၊ မန္တလေးခရိုင်တပ်ရင်း(၆)-MNPDF၊

မုံရွာခရိုင်တပ်ရင်း(၁၂) တပ်ခွဲ(၃)၊ မြင်းခြံခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁)-NYSGF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Kanbalu People Defence Force ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ လွှဲဆိပ်ရွာ၊ ဘောရွာ၊ လက်ခုပ်ကုန်းရွာနှင့် အခြားရွာများကို လှည့်ပတ် မီးရှို့ ပြီး ပြန်လာသော ခမရ ၃၆၈ မှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ခံကုတ်ကျင်းနေရာ၊ မီးရှို့ပြီး နားနေသည့် နေရာနှင့် အရက်ဆိုင်ဝင်ရန်ပြင်ဆင်နေစဉ် ကန့်ဘလူ PDF တပ်ရင်း ၃ ၊ သပိတ်ကျင်း (ပကဖ) တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့နှင့် ခင်ဦးမြို့နယ် ခြေပြုတော်လှန်ရေးအင်အားစု ဖြစ် သည့် Royal Tiger Guerilla Force တို့ပူးပေါင်းကာ ဒရုန်းဖြင့် M9 (အီနာဂါဗုံးသီး) ၃ လုံး ကြဲတိုက် ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၆၀ မမလက်နက်ကြီး ပြောင်းတစ်ခုကွဲ ကာ အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြေးလွှားရင်း အူစီသေနတ်တစ်လက် ပြုတ် ကျကာ ကျိုးကြေပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article