36 C
Yangon

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ အင်းစိန် အကြမ်း ဖက် နှိမ်နင်းရေးတပ်၊ မင်္ဂလာဒုံ နှင့် မှော်ဘီလေတပ်များကို ၃ ရက် ဆက်တိုက် ရှော့တိုက်ဒုံးဖြင့် ဆက်တိုက် ပစ်ခတ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People Defense Force – Hmawbi တပ်က ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီ ၅၈ မိနစ် မှော်ဘီ လေတပ်စခန်းကို ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၂ လုံးမှာ လေတပ်နံရံကို ထိ မှန်ခဲ့ပြီး ကျန် တစ်လုံးမှာ အဓိက နေရာကို ထိမှန်သွားကြောင်း၊ ထိခိုက် မှုများ ကို အတိအကျမသိရသေးပေမယ့် ထိခိုက်မှုရှိသည်ဟု သိရှိရကြောင်း ၊ PDF-Hmawbiနှင့် Yangon UG Group များက ပူးပေါင်းဆောင် ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

“ဒီဇင်ဘာ ၁၇ ရက်နေ့ညပိုင်း ပေါက်ကွဲမှု တွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ဘယ် နေ ရာ ကိုတော့ မသိခဲ့ဘူး” ဟု မှော်ဘီ ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ဒီဇင်ဘာ ၁၇ ရက်နေ့ အထိ အကြမ်း ဖက် စစ်တပ်၏ တပ်နေရာများကို ၃ ရက် ဆက်တိုက် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် အင်းစိန် BPI ဆေးဝါး စက်ရုံအနီးရှိ အကြမ်းဖက်နှိမ်နင်းရေး စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါ စစ်တပ်သည် ရန်ကုန်တွင် စစ် အာ ဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ကို အဓိက ထားနှိမ်နင်းပြီး ကျောင်း သား လူငယ်များနှင့်ပြည်သူ များ ကို သတ်ဖြတ်သည့် တပ်ဖြစ်ကြောင်း၊ အင်း စိန် ထောင်အတွင်း ဆန္ဒပြမှုများ ကို အကြမ်းဖက် ဝင်ရောက်နှိမ်နင်းသည့် ဗဟိုတပ်ဖြစ်ကြောင်း၊ BPI အနီးရှိ စစ်တပ်ထဲတွင် အထိုင်ချထားသည့် တပ် ဖြစ် ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ ကြောင်း၊ ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ် ခဲ့ခြင်း ဖြစ် ပြီး ရှော့တိုက်ဒုံး ၅ လုံး တစ်ပြိုင်နက်တည်း ကျရောက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖယ်ခုံ PDF က ရှော့တိုက်ဒုံးပြင်ဆင်ထားမှုမြင်ကွင်း။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article