37 C
Yangon

မှော်ဘီလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ယနေ့ နံနက် ၁ နာရီ KNU တပ်မဟာ ၆ နယ်မြေ၊ မက္ကသာကျေးရွာအနီးရှိ အမှတ် ၆ မိုင်းလုပ်ကွက်များကို စစ်တပ်က ဗုံးကျဲ၊ လူထိခိုက်မှု တချို့ရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး KNU တပ် မဟာ ၆ နယ်မြေ မက္ကသာကျေး ရွာအနီးရှိ အမှတ် ၆ သတ္တုတူးဖော်ရေး နှင့် မိုင်း လုပ်ကွက်ကို အကြမ်းဖက် စစ် တပ် က ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် ဂျက် ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲချ သွားကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် တစ်စီးသည် ယနေ့ ဒီဇင်ဘာ လ ၁ ရက်နေ့ နံနက် ၀၀ နာရီ ၁၇ မိနစ်တွင် ပျံတက်လာပြီး နံနက် ၁ နာရီဝန်း ကျင် တွင် အမှတ် ၆ သတ္တုတွင်းနှင့်မိုင်းလုပ်ကွက်ကို ဗုံးကျဲချသွား ခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဗုံးကျဲချသွားတာ ဟုတ်တယ်။ ညက ကျဲတာက အလုပ်သမားတွေ ထိခိုက်မှု တချို့ရှိတယ်။ လေယာဉ်နဲ့ ၂ ခေါက် ပျံသန်းပြီး ဗုံးကျဲချတာပါ။ အဲဒီဘက် တွေမှာ KNU က တပ်စွဲထားတာမရှိဘူး ။ တပ်စခန်းမဟုတ်ဘူး။ စစ်ရေး ပစ်မှတ် လည်းမဟုတ်ဘူး။ အဲဒါကို ခဏခဏ ဗုံးလာကျဲနေတာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

လတ်တလောယနေ့ နံနက် အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံး မှု ရှိသည် ဆိုသော သတင်းများမကြားရသေးဘဲ ထိခိုက်မှုများရှိသည်ဟုသာ သိရှိ ထားပြီး အသေးစိတ်အချက်အလက်များကိုလည်း KNU ဘက်က တရား ဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article