31.9 C
Yangon

ယင်းမာပင်၊ အရာတော်နှင့် ရွှေဘိုတို့တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၁၁ ဦးခန့်သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၁ ဦးခန့် သေဆုံးခဲ့ကြောင်း ဗျတ္တညီနောင်တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက် နေ့က ဘန့်ဘွေးရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီးများသည် ရွာအပြင်ဘက် လယ်တောအတွင်းရှိ နေအိမ်တစ်လုံးကို မီးရှို့ပြီး ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထောင် ထားသော မိုင်းကွင်းပေါ်အရောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ရကာ အကြမ်းဖက်စစ်သား ၊ ပျူစောထီး ၁၁ ဦး ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဗျတ္တညီနောင် PDF တပ်ဖွဲ့ထံက သိရသည်။

“၁၁ ယောက်သေတယ်ဆိုတာက ခန့်မှန်းပါ၊ ရှေ့ထွက်မိုင်းနှစ်တွဲနဲ့ ဖောက်ခွဲလိုက်တော့ ၁၅ ကောင်လုံး ထိပြီး လဲကျနေတာအတော်ကြာတယ်၊ ပုံမှန်အတိုင်းဆိုရင် မိုင်းသံကြားတာနဲ့ ဘောက်ကုန်၊ ကျည်ကုန် ပစ်လေ့ရှိတဲ့ ကောင်တွေက မိုင်းကွဲပြီးချိန်မှာ တစ်ချက် နှစ်ချက်ပဲ ပြန်ပစ်နိုင်တယ်” ဟု ဗျတ္တညီနောင် PDF တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောကြားသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်သည့်နေရာသည် ဘန့်ဘွေး(ပျူရွာ)အနီးတွင်ဖြစ်ပြီး ဝင်္ကဘာပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် အမှတ် ၂၇ တပ်ရင်း တပ်ခွဲ ၂ IRF ၊ ဗျတ္တညီနောင်ပြောက်ကျားတပ်ဖွဲ့ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာ(ပျူရွာ)ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး ကင်းစခန်းအား မိုင်းခွဲတိုက်ခိုက်ရာ ပျူစောထီး၊ စစ်သား ၅ ဦးဒဏ်ရာရရှိပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

မနေ့က ဒီဇင်ဘာလ ၁၇ ရက် ည ၈ နာရီခန့်က ယင်းအကြမ်းဖက်စစ်ကောင်စီကင်းစခန်းရှိ ဖရဲသီးတို့နှင့် ပူးပေါင်းကာ အဝေးထိန်း Remote မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Zayar 7 – Sgaing ARA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် ညနေ ၅ နာရီခန့်ကလည်း အရာတော်မြို့နယ်၊ ငွေတွင်း(ပျူရွာ)ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးကင်းစခန်းအား မုံရွာခရိုင်တပ်ရင်း ၂၁ ၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း၊ Masi Naw (ငရဲမီး)ပျောက်ကျားတပ်ဖွဲ့၊ NDRF ၊ MRTF ၊ Zayar 7 Sgaing ARA တို့ပူးပေါင်းပြီး ၆၀ မမလက်နက်ကြီး အလုံး ၃၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားနိုင်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ကာကွယ်ရေး တပ်ဖွဲ့ များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း OneDay Revolution Force (Shwe Bo) တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် တပ်စွဲ ထားသော အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများသည် ညောင်ပင်သာကျေးရွာ အတွင်းသို့ ကင်းပုန်း ဝပ်ရန် ဝင်ရောက် လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် Oneday Revolution Force တပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article