36 C
Yangon

ရန်ကုန်တက္ကသိုလ် ကျောင်းသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

Must read

ရန်ကုန်တက္ကသိုလ် ကျောင်းသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မနန်းတွယ်တာဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ရန်ုကုန်၊ ဒီဇင်ဘာ ၃၀

ရန်ကုန် ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တွဲဖက်အတွင်းရေးမှူး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင် မနန်းတွယ် တာဦး ကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

မနန်းတွယ်တာဦးသည် ရန်ကုန်ပညာရေး တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်း သူ တစ်ဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့် ကျင်ရေး တက်ကြွလှုပ် ရှားစွာဆောင် ရွက် နေစဉ် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၌ စစ်ကောင်စီ လက်အောက်ခံ တပ် ဖွဲ့ များ၏ ဖမ်းဆီးခြင်းခံရကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၆ လကျော် ဟန်ပြ စစ်ဆေးခဲ့ပြီးနောက် မော်လမြိုင်ခရိုင်တရားရုံး ယမန်နေ့ ဒီ ဇင် ဘာ လ ၂၉ ရက်နေ့တွင် အကြမ်း ဖက် ဥပဒေပုဒ်မ ၅၀ ညဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဗကသများအဖွဲ့ချုပ်ဝင် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဥက္ကဌဟောင်း များဖြစ်သော ကိုစိုးသူရကျော်(ခ)ကဗျာဆရာ သာ သျှား၊ ကိုနောင်ထက်အောင်နှင့် ဒုဥက္ကဌ ကိုဇော်ဇော် ထက်နိုင်(ခ)ကဗျာဆရာ ဆစ်နိုင် တို့ကိုလည်း စစ်တပ်က ဖမ်းဆီးကာ နှစ်ရှည်ထောင် ဒဏ် အသီးသီး ချ မှတ်ထားကြောင်း ဗကသများအဖွဲ့ချုပ်ထံမှသိ ရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဥက္ကဌ ဖြစ်သူ မအေးနန္ဒာ စိုးသည်လည်း အကြမ်းဖက်စစ်ကောင်စီ လက် အော က် ခံတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားသည်မှာတစ်နှစ် ကျော်ကြာမြင့်ခဲ့ ပြီဖြစ် ပြီး ယနေ့ အထိ တစ်စုံတစ်ရာ တိကျသော အဆက်အသွယ်မရဘဲ ပျောက်ဆုံး နေ ကြောင်း ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article