28 C
Yangon

ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့က စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

Must read

ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့က စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရန်ကုန်တွင် တော်လှန်လူငယ် Demon အဖွဲ့နှင့် ပြည်သူတချို့က ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် “ငါတို့နိုင်မှ လွတ်မှာ၊ ငါတို့နိုင်မှ ကျွတ်မှာ၊ ငါတို့နိုင်မှ ဒီထက်ပိုပျော်ရမှာ” စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

“အဖမ်းခံရသည့် ပြည်သူများမှာ မည်သို့ပင် မတရား ဆုံးဖြတ်ပြီး အမူစီရင်ထားပါစေ နွေဦးတော်လှန်ရေးအောင်မြင်မှ စစ်အာဏာရှင် ကျဆုံးမှ လွတ်နိုင်မှာဖြစ်ပြီး၊ ကျဆုံးနှင့် ဖမ်းစီးသတ်ဖြတ်ခံရသည့် ရဲဘော်နှင့် ပြည်သူများမှာ တော်လှန်ရေးအောင်မြင်ပြီး စစ်အာဏာရှင်အဆုံးသတ်မှ စိတ်အေးချမ်းစွာ ထွက်ခွာသွားနိုင်မှာ ဖြစ်ပါတယ်။ ထောင်တွင်းမှ မတရားဖမ်းဆီးခံရသည့် ပြည်သူများသကဲ့သို့ အပြင်တွင်ရောက်ရှိနေကြသော်လဲ လွတ်လပ်စွာနေနိုင်လို့မရသည့် လူအခွင့်ရေးပျောက်ဆုံးနေသည့် လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖော်ခွင့်မရှိသည့် ထောင်အကျယ်ကြီးထဲတွင် ရောက်ရှိနေခြင်းသာဖြစ်ပါသည်။ အလုံးစုံမတရားမူများမှ မတရားသဖြင့်အာဏာသိမ်းခံရသည့် ကာလများမှ ဝိုင်းဝန်းတော်လှန်ကြပါရန်နှင့် တော်လှန်ရေးကို မိမိနှင့်မဆိုင်သကဲ့သို မနေသင့်ပါ ထောင်အကျယ်ထဲမှာသာ ပျော်မွေ့မနေသင့်ပါ။ စစ်ခွေးတွေအကြိုက်လိုက်တာ ပျော်ပျော်ရွှင်ရွှင်နေထိုင်ခြင်းသည် ထောင်အကျယ်ထဲမှာ နေရာချောင်တယ်လို့ ပျော်ခြင်းမျိုးသာ ဖြစ်ပါတယ်” ဟု တော်လှန်လူငယ် Demon အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ကြောင့် နှစ်သစ်ကူးကာလာတွင် မိမိအပျော်ကို မိသားစုနှင့်သာ တိတ်တဆိတ်ကုန်ဆုံးပြီး စစ်ဘေးဒုက္ခကြောင့် ထွက်ပြေးနေရသည့် အညာဒေသနှင့် တောင်ပေါ်ဒေသမှ ပြည်သူများနှင့် မိသားစုမစုံတော့သည့် မိသားစုများကို လူသားချင်းစာနာထောက်ထား ငဲ့ညှာစေလိုကြောင်း တော်လှန်လူငယ် Demon မှ​ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article