37 C
Yangon

ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီဝင်များဖြင့် အစားထိုးရန် စတင်လုပ်ဆောင်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်းအတွင်းတွင် ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ် ပါတီဝင်များဖြင့် အစားထိုးရန် စတင်လုပ်ဆောင်မှုများရှိနေကြောင်း မင်္ဂလာဒုံ နှင့်လှည်းကူးဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် သက်ဆိုင်ရာ ကြံ့ဖွတ်မြို့နယ်ပါတီအဖွဲ့များက ရပ်ကွက် များအလိုက် နေရာဒေသကျွမ်းကျင်ပြီး ပါတီဝင်ဖြစ်နေသူများ စာရင်း ကောက်ခံ ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ရန် ပြင်ဆင်လျက်ရှိပြီး တချို့ ကို စတင်ခန့်အပ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်ဘက်မှာ အုပ်ချုပ်ရေးမှူး အသစ်က ကြံ့ခိုင် ရေးပါတီဝင် ဦးမြင့်စိုး ဖြစ်သွားပါပြီ။ အခြားနေရာတွေမှာလည်း အဲဒါ တစ်ခါတည်း အပြောင်းအလဲလုပ်မယ်ပြောတယ်။ မင်္ဂလာဒုံမှာ ရှိတဲ့ ရပ်ကွက် ၁၄ ခုလုံးမှာ အုပ်ကြီးတွေ အကုန်လဲမယ်ပြောတယ်။ လောလောဆယ် ၃/က ရပ်ကွက်လည်း လဲသွားပြီ” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောသည်။

ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည်ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက်အုပ်ချုပ်ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“မင်္ဂလာဒုံဘက်မှာတော့ စစ်တပ်နဲ့ အဆင်ပြေတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ရင်တောင် ကြံ့ခိုင်ရေးပါတီကမဟုတ်ရင် မထားတော့ဘူးပြောတယ်။ စိတ်ပါ လက်ပါ ရှိမယ့် အုပ်ချုပ်ရေးမှူးတွေပဲ ထားမယ်ပြောတယ်” ဟု မင်္ဂလာဒုံမြို့ခံ တစ်ဦးက ဆို သည်။

ရန်ကုန်တိုင်းအတွင်းရှိ အခြားသော မြို့နယ်များသို့ ရန်ကုန်ခေတ်သစ်က ဆက် သွယ်မေးမြန်းရာတွင်မူ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်အုပ်ချုပ် ရေး အဖွဲ့များ လဲလှယ်မည်ဆိုသော သတင်းများ ရရှိထားပြီး လက်ရှိတွင်မူ လက်တွေ့ လဲ လှယ် ခြင်းမရှိသေးဟုဆိုကြသည်။

ဓာတ်ပုံ- ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article