28 C
Yangon

ရန်ကုန်အမေရိကန်သံရုံးရှေ့တွင် စစ်တပ်ထောက်ခံသူများက လုံခြုံရေး အစောင့် အရှောက်များဖြင့် ကုလသမဂ္ဂနှင့် အမေရိကန်ကို ဆန္ဒလာပြ

Must read

ရန်ကုန်အမေရိကန်သံရုံးရှေ့တွင် စစ်တပ်ထောက်ခံသူများက လုံခြုံရေး အစောင့် အရှောက်များဖြင့် ကုလသမဂ္ဂနှင့် အမေရိကန်ကို ဆန္ဒလာပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးရှေ့တွင် ယနေ့ နံနက်ပိုင်း စစ်တပ်ထောက်ခံ သူများက လုံခြုံရေးအစောင့်အရှောက်များ၊ ကင်း ပုန်းများဖြင့် ကုလသမဂ္ဂနှင့် အမေရိကန်ကို လာရောက် ဆန္ဒပြကြောင်း စစ်တပ် လော်ဘီများနှင့် ခရီးသွား ပြည်သူ တချို့ထံမှ သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံး ရှေ့တွင် အင်အား ၂၀ ကျော်ဝန်းကျင်ရှိသော လူတစ်စုက အမေရိကန်နှင့် ကုလသမဂ္ဂကို ကန့်ကွက်သော ဗီနိုင်းပိုစတာ များကိုင်ဆောင်၍ ဆန္ဒပြ ကြ ကြောင်း စစ်တပ်လော်ဘီ လူမှုကွန် ရက်စာမျက်နှာများက ထုတ်ပြန် ထားသည်။

ရန်ကုန်အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြပွဲဖြစ်ပွားချိန် တက္ကသိုလ်ရိပ်သာလမ်း နှစ်ဖက် စလုံးကို အရပ်ဝတ်နှင့် စစ်တပ်၊ ရဲများ လုံခြုံရေးယူထားမှု တွေ့မြင် ရကြောင်း တက္ကစီ ယာဉ်မောင်းတချို့က ပြောသည်။

“တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်လျားလမ်းမီးပွိုင့်နားမှာလည်း ခွေးတွေ အများ ကြီးပဲ။ နောက်ပြီး တစညပါတီရုံးနားနဲ့ ယာဉ်ထိန်းရဲရုံးဘေးနားမှာလည်း စစ် ခွေး ရဲခွေးတွေကားတွေနဲ့ ပတ်တဲ့သူက ပတ်တယ်။ အရပ်ဝတ်တွေ လည်းတွေ့ တယ်။ ၅၀၀၀ စားတွေကို လုံခြုံရေးယူပေးနေတာထင်တယ်ဗျ” ဟု တက္ကစီ ယာဉ် မောင်းတစ်ဦးက ပြောသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရန် အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ NDAA တွင် မြန်မာနိုင်ငံဆိုင်ရာ ပြဋ္ဌာန်းချက် များကို ပြဋ္ဌာန်းထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ဒေါ် အောင် ဆန်း စုကြည် ကို လွှတ်ပေးရန်၊ စစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article