37 C
Yangon

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော စီးပွားရေးသမား ၈၀ ကျော်ပါ အဖွဲ့ နေ ပြည်တော် သို့ ရောက်ရှိမည်၊ ရုရှားကြည်းတပ်ဗိုလ်ချုပ် မြန်မာပြည်မှ ပြန်အပြီး ရက်မခြားဘဲ ရုရှားစီးပွားရေးအဖွဲ့ လာရောက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်သော ရုရှား စီးပွား ရေး သမား များအပါ အဝင် အဖွဲ့ဝင် ၈၀ ဦးကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ် ပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ် ဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အဖွဲ့သည် ဒီဇင် ဘာလ ၂ ရက်နေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့ဝင် ၈၀ ကျော် ပါဝင်သော စီးပွားရေးအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။

ရှရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxin Reshetnikov ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့သည် ရုရှားအစိုးရပိုင် Ilyushin အထူးလေယာဥ်ဖြင့် ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် နေ ပြည် တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းတွင် ပြန်လည်ထွက်ခွာ မည်ဖြစ် ကြောင်း သိရှိရသည်။

ရုရှားစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုရှားက ရင်းနှီးမြှုပ်နှံရေးအတွက် ဆွေးနွေး မ ည်ဖြစ်ပြီး ရုရှား အစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ ကိုယ်စားလှယ် တချို့ ပါဝင်လာကြောင်း၊ မြန်မာနိုင်ငံ အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အသေး စိတ် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေး ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း Rosatom နှင့်စစ်ကောင်စီတိုကြား နိုဝင်ဘာလ ၂၂ ရက် က သဘောတူ လက် မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ- ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article